“That Girl” ဆိုတဲ့ ခေါင်းစဉ်က 2021 တည်းက TikTok Platform ပေါ်မှာ ရေပန်းစားလာတဲ့ စကားလုံး တစ်လုံးပါ။ #ThatGirl နဲ့ ဗီဒီယိုပေါင်း မြောက်မြားစွာ ရှိပြီး မိန်းကလေး အချင်းချင်း ဒီလို မိန်းကလေး “That Girl” တစ်ယောက် ဖြစ်လာဖို့ ပံ့ပိုးအားပေးတဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ TikTok အပြင် YouTube မှာပါ That Girl ဗီဒီယိုတွေ ရေပန်းစားလာပါတယ်။ That Girl တစ်ဦး လုပ်ရမယ့် အရာတွေ ရှိပြီး သင်ကိုယ်တိုင်လည်း ဒီလို မိန်းကလေး တစ်ယောက် ဖြစ်နိုင်ပါတယ်။ That Girl တွေက ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်သူတွေ ဖြစ်ပါတယ်။ သင်က “That Girl” တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အရာတွေကို ပြုလုပ်သင့်ပါတယ်။

၁။ စားပြီးနောက် စိတ်ချမ်းသာစေတာကို ရွေးချယ်ပါ

အစားအသောက်တွေက ကိုယ့်ကို စားပြီးနောက် After Effect ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အများစုက သင့်ကို စိတ်ပိုပျော်ရွှင်စေသလို အလုပ်တွေ လုပ်ဖို့ ခွန်အားပေးပါတယ်။ အချိုမှုန့် များတဲ့၊ အဆီများတဲ့ အစားအသောက်တွေကတော့ စားပြီးတာနဲ့ သင့်ကို လေးလံ ထိုင်းမှိုင်းစေပါတယ်။ သင်က ပေါ့ပါးသွက်လက်တဲ့ “That Girl” တစ်ဦး ဖြစ်ချင်ရင် Good After-Effect ပေးတဲ့ အစားအသောက်တွေကို ရွေးသင့်ပါတယ်။

၂။ Social Media သုံးတာကို ကန့်သတ်ပါ

အရင်က Social Media ကို ပျော်ဖို့အတွက် သုံးပေမယ့် ဒီတစ်ခါမှာတော့ ရည်ရွယ်ချက် ပြောင်းသင့်ပါပြီ။ ဘာလို့လဲဆိုတော့ Social Media က သင့်ကို Toxic Mindset ပေးနိုင်လို့ပါ။ ဒါကြောင့် ကိုယ်ခင်တဲ့ သူတွေနဲ့ပဲ စကားပြောဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ပဲ ကန့်သတ်သုံးသင့်ပါတယ်။

၃။ ခန္ဓာကိုယ်က အချက်ပြတာကို နားထောင်ပါ

သင့်ခန္ဓာကိုယ်က ဘယ်လိုရှိလဲ သင်သာ အသိဆုံးပါ။ ဘယ်အချိန်မှာ ဗိုက်ပြည့်လဲ၊ ဘယ်အချိန် ပင်ပန်းလဲ စတဲ့ ခန္ဓာကိုယ်ရဲ့ စကားလုံးတွေကို အာရုံစိုက် နားထောင်ပြီး အနားယူသင့်ရင် ယူရပါမယ်။

၄။ စောစောထပြီး To Do List လုပ်ပါ

စောစောထတာကလည်း That Girl တွေရဲ့ အလေ့အကျင့်ထဲမှာ ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ စောစော ထတဲ့အခါ ပိုစိတ်ချမ်းသာပြီး အလုပ်တာဝန်တွေ ပိုပြီးမြောက်စေပါတယ်။ ဒါ့အပြင် အိပ်ရာနိုး ပြင်ဆင်ပြီးတာနဲ့ To Do List ရေးပေးသင့်ပါတယ်။

၅။ နေ့တိုင်း လှုပ်ရှားပါ

သင့်ခန္ဓာကိုယ်မှာ အဆီပိုတွေ မရှိမှ That Girl တစ်ဦးလို လှနိုင်မှာပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်ပြီး လမ်းလျှောက်ဖို့၊ အကြောလျှော့ဖို့ စတဲ့ အရာတွေအတွက် အချိန်ပေးသင့်ပါတယ်။ အကြောလျှော့တာကလည်း မဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခုပါ။

၆။ ပြင်ပမှာ အချိန်ကုန်ဆုံးပါ

သင့်တစ်နေ့တာမှာ ခဏတဖြုတ်တော့ အပြင်လောကနဲ့ ထိတွေ့သင့်ပါတယ်။ အပြင်လောကကို ထိတွေ့တာနဲ့ တစ်ပြိုင်နက် လမ်းလျှောက်တာပါ လုပ်ပေးသင့်ပါတယ်။ That Girl တွေက ခြေလှမ်းပေါင်း ၁ သောင်း ပြည့်အောင်လည်း လမ်းလျှောက်တတ်ပါသေးတယ်။

Photo Source: Pinterest

By MyStyle Myanmar