မင်္ဂလာပါ ပျိုမေတို့ရေ။ အခုနောက်ပိုင်း မိတ်ကပ်ပြင်ပြီဆိုရင် ထင်းနေအောင်ပြင်တာမျိုးထက် ပြင်ထားမှန်းမသိသာပဲ သဘာဝဆန်ဆန် ပြေပြေလေးလှနေမယ့် Look မျိုးကိုပဲ တော်တော်များများက ရွေးချယ်လာကြပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလို Look မျိုးကို ပိုလိုချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ ဘယ်တော့မှမရိုးတဲ့ Clean Girl မိတ်ကပ် Look လေးပြင်ဆင်ဖို့ လိုအပ်တဲ့လိမ်းနည်းအဆင့်တွေကို ဖော်ပြပေးသွားမှာပါ။


ဒီ Makeup Look အတွက် အဓိကလိုအပ်တဲ့အချက်တစ်ခုက Skincare အာနိသင်ပါတဲ့ မိတ်ကပ်ပစ္စည်းတွေသုံးပေးရတာပါ။ အသားအရေ ထိန်းသိမ်းမှုပေးမှ သဘာဝအတိုင်း ထွေထွေထူးထူးပြင်စရာမလိုတဲ့ Look မျိုးရစေမှာပါနော်။

Glow စေမယ့် Base မိတ်ကပ်လေးလိမ်းပါ


ဒီ Look အတွက်တော်တော်များများက Foundation ကိုကျော်ပြီး အမဲစက်တွေကို Concealer ဖုံးတဲ့အဆင့်လောက်ပဲ လိမ်းတတ်ကြပါတယ်။ ဒါပေမယ့်သင်က မျက်နှာမှာ ကြာရှည်ခံပြီး သိပ်သိပ်လေးဖြစ်ချင်ရင်တော့ Cushion လေးတစ်ထပ်လိမ်းတာမျိုး လုပ်ကြည့်ပါနော်။

Contour ပါးပါးလေးလုပ်ပေးပါ


မျက်နှာကျလေးပေါ်ဖို့ Contour လုပ်တဲ့အဆင့်လည်းလိုပါတယ်။ Cream Type ကိုသုံးပြီး နှဖူးထောင့်နဲ့ ပါးစောင်တွေမှာ ခပ်ပါးပါးလေး လုပ်ပေးပါမယ်နော်။

အရောင်အရမ်းမထင်းတဲ့ Eye Makeup


Eyeshadow အတွက် ဆိုးထားမှန်းမသိသာတဲ့ အသားရောင်၊ အညိုရောင်လေးတွေကို ရွေးပြီးဆိုးပေးပါမယ်နော်။ ဒီ Look အတွက် Eye Liner ဆိုးတာထက် မျက်တောင်ကိုအသားပေးပြီး Mascara နဲ့ ခပ်ကော့ကော့လေးဖြစ်အောင် ကော့ပေးပါနော်။

မျက်ခုံးမွှေး ထင်းထင်းလေးဆွဲပါ


သဘာဝဆန်တဲ့မိတ်ကပ် Look အတွက် မျက်ခုံးမွှေးအမျှင်လေးတွေထင်းနေအောင် ဆွဲပေးဖို့ လိုပါမယ်နော်။ မျက်ခုံးအရောင် ခပ်ပါးပါးဖြည့်ပြီး Brow Gel သုံးကာ မျက်ခုံးမွှေးဆွဲတံနဲ တစ်မျှင်ချင်းစင်းနေအောင် ကော့ဖြီးပေးပါ။

Glow နေတဲ့ ပါးပြောင်ပြောင်လေးရဖို့ Cream Blush ကိုသုံးပါ


ပါးနီအတွက်ကိုတော့ Glow Look လေးရစေမယ့် Cream Blush ကိုမှ ကိုယ်နဲ့လိုက်တဲ့ အရောင်အဖျော့လေးဆိုးပေးပါမယ်နော်။ ပါးနီဆိုးပြီးတဲ့အခါ အပေါ်ကနေ Highlighter ပါးပါးလေးပါ ထည့်ပေးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းနီစိုစိုလေးဆိုးလိုက်ပါ


ဒီ Look ‌လေးပြည့်စုံသွားအောင် Lip Gloss ဒါမှမဟုတ် Tinted Lip Balm တွေလို နှုတ်ခမ်းအစိုဓာတ်ပေးပြီး စိုစိုဖူးဖူးလေးဖြစ်နေမယ့် နှုတ်ခမ်းနီလေးရွေးဆိုးပါမယ်နော်။ ဒါဆိုရင်တော့ သင်လိုချင်တဲ့ Clean Girl မိတ်ကပ် Look လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar