အားလုံးပဲမင်္ဂလာပါနော်။ ကျွန်မတို့ အိပ်စက်နေချိန်မှာ ဆဲလ်သစ်တွေ ဖြစ်ပေါ်စေပြီး အသားအရေကို ပြုပြင်ပေးမှာပါ။ ဒါ့ကြောင့် ညအိပ်ယာမဝင်ခင်မှာ အသားအရေထိန်းသိမ်းမှု အလုံအလောက်လုပ်ပေးခြင်းဖြင့် အိပ်စက်နေချိန်မှာ သင့်ကို အလှဆုံးဖြစ်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်နော်။

၁။ အိပ်ယာမဝင်ခင် ဝက်ခြံနဲ့အမာရွတ်တွေ သက်သာစေဖို့ ရှားစောင်းလက်ပတ်အနှစ်ကို လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ မျက်နှာသစ်လိုက်ပါ။ (ရှားစောင်းလက်ပတ်နဲ့ မတည့်သူတွေမလိမ်းပါနဲ့။)

၂။ သင့်မျက်တောင်မွှေး၊ မျက်ခုံးမွှေးတွေ သန်စွမ်းစေဖို့အတွက် ကြက်ဆူဆီကို လိမ်းပေးလိုက်ပါ။

၃။ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းသား နူးညံ့စိုပြေစေဖို့ အုန်းဆီနဲ့ သကြားရောပြီး နှုတ်ခမ်းကို ၅ မိနစ်လောက် ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနဲ့ ပြန်ဆေးလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ အုန်းဆီ ပြန်လိမ်းပေးပြီးမှ အိပ်ယာဝင်ပါ။

၄။ ဆံကေသာကို အစိုဓာတ်ဖြည့်တင်းပါ။ ဆံကေသာကို အုန်းဆီ (သို့) ခေါင်းလိမ်းဆီ တမျိုးမျိုးလိမ်းပေးပြီး အိပ်ယာဝင်ပါ။ မနက်ကျရင်ခေါင်းလျှော်ချလိုက်ပါ။ မနက်ဖြန်ခေါင်းလျှော်ဖို့အစီအစဉ်ရှိရင် ဒီနေ့ညလုပ်ပေးပါ။

၅။ လက်ကလေးတွေ နူးညံ့စိုပြေနေစေဖို့ သံပုရာသီးနဲ့ သကြားရောပြီး လက်ကို သေချာလေး ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေဆေးချပြီး ခြောက်အောင်သုတ်ပါ။ အဲဒီနောက် Moisturizer လိမ်းပေးလိုက်ပါ။ (ခြေထောက်ကိုလည်း အဲလိုပဲလုပ်ပါ။)

၆။ အိပ်ယာမဝင်ခင် မျက်နှာသေချာသစ်ပြီး Mask တစ်ခုခုနဲ့ ပေါင်းတင်ပေးလိုက်ပါ။ ပြီးရင်မျက်နှာပြန်သစ်ကာ ခြောက်အောင်သုတ်လိုက်ပါ။ အဲဒီနောက် Moisturizer လိမ်းပေးပြီး အိပ်ယာဝင်ပါ။

အိပ်ရေးဝဝအိပ်ပါ။ အိပ်မက်လှလှမက်ပါ။ မနက်ခင်းမှာ ပိုမိုလှပတဲ့အသားအရေနဲ့ နိုးထနိုင်ပါစေ။

Source: www.blushybabe.com

www.blogspot.com

www.stylesamba.com

www.trendymods.com