နေ့စဥ်လုပ်နေကျ အလုပ်တစ်ခုဖြစ်တဲ့ အဝတ်အစားလျှော်ဖွပ်တဲ့အခါ တစ်ချို့လူတွေအနေနဲ့ များများစားစား သိပ်တွေးတောခြင်းမျိုးမရှိဘဲ ဒီအတိုင်းလျှော်လိုက်ကြတာများပါတယ်။ အထူးသဖြင့် ပိုးထည်တွေလို အဖိုးတန်ပြီး နုနယ်တဲ့အဝတ်အစားတွေကို လျှော်ဖွပ်ရာမှာ ဘယ်လိုအချက်တွေကိုသတိထားရမလဲဆိုတာကို ခေါင်းထဲထည့်မထားဘူးဆိုရင် ရေရှည်အသုံးခံမှာမဟုတ်ပါဘူး။ ဒါကြောင့် အဝတ်လျှော်ဖွပ်တဲ့အခါမှာ ကိုယ့်ရဲ့အဝတ်အထည်တွေ မြန်မြန်ဆန်ဆန် ဟောင်းနွမ်းပျက်စီးသွားခြင်းမရှိအောင်လို့ ဘယ်လိုအချက်တွေကိုတော့သတိထားရပြီးတော့ ဘယ်လိုအသုံးဝင်တဲ့အချက်တွေကိုတော့ သိထားရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
ဘောင်းဘီတွေလျှော်တဲ့အခါမှာလည်း ဇစ်ဖွင့်ထားတာမလုပ်ဘဲနဲ့ ဇစ်ကိုအပေါ်ထိဆွဲတင်ပြီးလျှော်တာက ဘောင်းဘီတွေမပျက်စီးစေသလို တခြားအကျီတွေနဲ့လည်း ငြိတွယ်တော့မှာမဟုတ်ပါဘူး။
အကျီကြယ်သီးမတပ်ပါနဲ့
ကြယ်သီးပါတဲ့ရှပ်အကျီတွေကိုလျှော်ဖွပ်တဲ့အခါ ကြယ်သီးတပ်ပြီးလျှော်တာမျိုးမလုပ်သင့်ပါဘူး။ ကြယ်သီးတပ်ပြီး လျှော်ခြင်းက ကြယ်သီးပေါက်တွေကျယ်လာပြီးတော့ ကြယ်သီးတွေလည်း လျော့ရဲရဲဖြစ်စေပါတယ်။
ဘရာဇီယာတွေကို ခေါင်းအုံးစွပ်ထဲထည့်လျှော်ပါ
ကိုယ့်ရဲ့အတွင်းခံ ဘရာဇီယာတွေကို ခေါင်းအုံးစွပ်ထဲထည့်ပြီးတော့လျှော်ဖွပ်ခြင်းက တခြားအကျီတွေနဲ့ငြိပြီး ပျက်စီးတာမျိုးမဖြစ်စေသလို ခွက်တွေချုပ်ရိုးတွေလည်း ပုံမပျက်သွားအောင်လို့ ကာကွယ်နိုင်ပါတယ်။ ခေါင်းအုံးစွပ်ထဲထည့်မယ်ဆိုရင် ထိပ်ကနေ ခေါင်းစည်းကြိုးနဲ့သေချာလုံအောင် စုပြီးစည်းလိုက်ပါ။
အဝတ်အစားတွေက မှိုနံ့တွေကို Tea Tree Oil နဲ့ဖယ်ရှားပါ
စိုစွတ်တဲ့ရာသီဆိုရင်ဖြစ်တတ်တဲ့ ဖားဥတွေ၊ မှိုတွေကြောင့် တစ်ခါတစ်လေကျရင် အဝတ်အစားတွေက အနံ့ဆိုးတွေထွက်နေတတ်ပါတယ်။ ဒီလိုအနံ့ဆိုးထွက်နေလို့ လျှော်ဖွပ်တော့မယ်ဆိုရင် ဆပ်ပြာမှုန့်အပြင် Tea Tree Oil ၁၀ စက်ကိုလည်းရောထည့်ပြီးတော့ လျှော်ကြည့်လိုက်ပါ။ Antibacterial အစွမ်းပါဝင်တာကြောင့် မှိုတွေကိုဖယ်ရှားပေးပါလိမ့်မယ်။
အကျီတွေအရောင်မကျွတ်အောင် ဆားထည့်လျှော်ပါ
ပုံမှန်အဝတ်လျှော်တဲ့အတိုင်းကိုမှ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းပိုထည့်ပြီး လျှော်မယ်ဆိုရင် အကျီတွေအရောင်မကျွတ်အောင် ကာကွယ်ရာရောက်ပါတယ်။
ဘရာဇီယာတွေကို ချိတ်တပ်ပြီး ဇစ်တွေကိုဆွဲထားပါ
ဘရာဇီယာတွေလို အတွင်းခံတွေကိုလျှော်ဖွပ်တဲ့အခါ ချိတ်တွေဖြုတ်ထားခြင်းမလုပ်ဘဲ တပ်ပြီးလျှော်တာက ချိတ်တွေကွေးကုန်တာမျိုး၊ အကျီအသားတွေ လျော့ရဲရဲနဲ့ နဂိုပုံစံပျက်စီးသွားတာမျိုးတို့ မဖြစ်အောင်လို့ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။
Credit: BrightSide