လက်သည်းအရှည်မြန်ချင်တယ်ဆိုရင် ဒီတိုင်းမနေပဲ Nail Care Tips လေးတွေ ဂရုစိုက်ရမယ့်အရာလေးတွေ သတိထားဆင်ခြင်ရမယ့် အရာလေးတွေကို လုပ်ပေးဖို့တော့ လိုပါတယ်။ ဒါကြောင့် လက်သည်းအရှည်မြန်ချင်သူတိုင်း လိုက်နာသင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

Hydrating

လက်သည်းအတွက်ကလည်း Hydrating လိုအပ်ပါတယ်။ လက်သည်းအားဖြည့်တဲ့အဆီတွေ လိမ်းပေးတာမျိုး၊ လက်သည်းအတွက် Cream ပုံမှန်လိမ်းပေးတာမျိုး လုပ်ပေးရပါမယ်။

Biotin ဓာတ်ပါဝင်တာစားသောက်ပါ

လက်သည်းအရှည်မြန်ချင်ရင် Biotin ဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို စားသောက်ပါ။ ပြီးရင် Biotin သောက်ပေးတာမျိုးလည်း လုပ်ပေးပါ။ ဒါဆိုရင် ပိုထိရောက်ပါတယ်။ လက်သည်းလည်း Strong ဖြစ်စေပါတယ်။

လက်သည်းမကိုက်ပါနဲ့

ဆင်ခြင်ရမယ့်အချက်ကတော့ လက်သည်းကိုက်တာပါပဲ။ လက်သည်းကိုက်တာက လက်သည်းကျန်းမာရေးအတွက်လည်း မကောင်းသလို လက်သည်းလည်း ပျက်စီးစေတယ်။ လက်သည်းပုံပျက်ပြီး အရှည်နှေးစေပါတယ်။

လက်သည်းအတုမတပ်ပါနဲ့

လက်သည်းအတုတပ်တာကလည်း ကော်တွေသုံးပြီးတပ်ရတာဖြစ်လို့ လက်သည်းပျက်စီးပြီး အရှည်နှေးစေပါတယ်။

Quality မကောင်းတဲ့လက်သည်းနီ

လက်သည်းနီဆိုးတဲ့အခါမှာ Quality မကောင်းတဲ့ လက်သည်းနီတွေဆိုးရင် လက်သည်းပျက်စီးစေပါတယ်။ လက်သည်းပျက်စီးရင် လက်သည်းအရှည်နှေးလာမှာပါပဲ။

လက်သည်းခြစ်ခြင်း

လက်သည်းနီတွေဖျက်တဲ့အခါ လက်သည်းဖျက်ဆေးနဲ့ သေချာမဖျက်ပဲ ဓားနဲ့ခြစ်တာမျိုးတွေ မလုပ်ရပါဘူး။ ဓားနဲ့ခြစ်တာက လက်သည်းတွေပါးပြီး ပျက်စီးစေပါတယ်။ လက်သည်းပါးသွားတဲ့အတွက် အလွယ်တကူ ကျိုးပဲ့လွယ်ပြီး လက်သည်းလည်း အရှည်နှေးလာမှာပါ။