အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့အပြင် ရင့်ကျက်မှုကလည်း အရေးပါပါတယ်။ အသက်ငယ်ပေမယ့် တည်ငြိမ်ရင့်ကျက်ပြီး လူကြီးဆန်တဲ့သူတွေကို သင်မြင်ဖူးမှာပါ။ တချို့အတွဲတွေဆို ကောင်လေးက အသက်ပိုငယ်ပေမယ့် ကိုယ့်ထက်ကြီးတဲ့ ချစ်ရသူကို ဦးဆောင်တတ်ကြပါတယ်။ ဒီတော့ သင်က သင့်ချစ်သူထက် အသက်ငယ်ပေမယ့် သူ့ထက်ပိုရင့်ကျက်ကြောင်း လူကြီးပိုဆန်ကြောင်း သက်သေပြချင်တယ်ဆိုရင်တော့ ဒီ Tips တွေကို မှတ်ထားပေးပါ။

၁။ အရာရာကို ကိုယ့်အမြင်အပြင် သူ့ဘက်က အမြင်ကိုပါ ဖြည့်တွေးပေးပါ။ သင်က အမြဲမမှန်နိုင်သလို ဘယ်သူမှလည်း အမြဲမမှားနိုင်ပါဘူး။ ဒီတော့ အခြေအနေတွေကို နှစ်ဖက်တွေးတတ်တဲ့ အတွေးမျိုးရအောင်လေ့ကျင့်ပေးပါ။

၂။ လေးစားတတ်မှုနဲ့ ယုံကြည်မှုဆိုတဲ့ တန်ဖိုးနှစ်ခုကို နားလည်အောင်သင်ယူပါ။ ပျော်ရွှင်တဲ့အချစ်ရေးမှာ လေးစားမှုနဲ့ ယုံကြည်မှုက လျစ်လျူရှုထားလို့မရပါဘူး။

၃။ ဘယ်သူမှ ပြည့်စုံတဲ့လူမဟုတ်ဘူးဆိုတာ မှတ်ထားပေးပါ။ သင့်ချစ်သူရဲ့ အကောင်းအဆိုးအကုန်လုံးကို လက်ခံတတ်ဖို့ ကြိုးစားပါ။ သူ့ရဲ့ မကောင်းတဲ့အကျင့်တွေကိုလည်း ပြင်နိုင်အောင် ပံ့ပိုးပေးပါ။

၄။ သူနဲ့ ညှိနှိုင်းပြောဆိုတတ်တဲ့ အကျင့်မျိုးထားပါ။ ကိုယ့်ဆုံးဖြတ်ချက်ကိုပဲ ရှေ့တန်းမတင်ပါနဲ့။

၅။ တခြားလူတွေရဲ့အမြင်တွေကို သိပ်ဂရုမစိုက်ပါနဲ့။ သွေးထိုးစကားတွေရှိရင်တောင် သင့်ချစ်သူကို ယုံပေးပါ။ သင်ကိုယ်တိုင် မမြင်ရသရွေ့ဘယ်အရာကိုမှ မယုံလိုက်ပါနဲ့။

၆။ သင့်အမှားတွေကို ဝန်ခံပြီး သူ့အတိတ်က အမှားတွေကိုလည်း ခွင့်လွှတ်ပေးပါ။ ကျွန်မတို့က လူသားတွေပဲ။ အမှားနဲ့မကင်းကြပါဘူး။

၇။ သင့်ချစ်သူသင့်အတွက် လုပ်ပေးတဲ့ကိစ္စသေးသေးလေးတွေအတွက် ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ချစ်သူတွေဖြစ်နေပြီပဲ။ ကျေးဇူးတင်စကားပြောဖို့မလိုဘူးလို့ မတွေးလိုက်ပါနဲ့။ ဘယ်သူမဆို ကူညီပေး/ လုပ်ပေးလိုက်ရင် ကျေးဇူးတင်စကားလိုချင်တာပဲလေ။

၈။ သင့်ချစ်သူကို မပြောဘဲနဲ့ အရေးကြီးတဲ့အရာတွေကို မဆုံးဖြတ်ပါနဲ့။ သင့်လုပ်ရပ်က သူ့ကို သင့်ခေါင်းထဲမရှိဘူးလို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။ သူ့ဆီက အကြံတောင်းခံတာက သူ့ကို ဦးစားပေးကြောင်း ပေါ်လွင်စေပါတယ်။

၉။ သင့်ချစ်သူအတွက် တစ်ယောက်တည််းနေဖို့ အချိန်ပေးပါ။ အချစ်ရေးက အပင်တစ်ပင်လိုပါပဲ။ အပင်က အသက်ရှူဖို့ လေလိုအပ်ပါတယ်။ အချစ်ရေးမှာလည်း ကိုယ်ပိုင်ချိန်လိုအပ်ပါတယ်။ သင့်ချစ်သူကိုယုံကြည်ပေးပါ။

၁၀။ သူနဲ့စကားပြောပေးပါ။ ရန်မဖြစ်တဲ့စုံတွဲဆိုတာ ရှားပါတယ်။ ရန်ဖြစ်တဲ့အချိန်မှာလည်း ကိုယ့်ရဲ့မကျေနပ်ချက်တွေကို အတိအကျပြောပါ။ ဘယ်နေရာကိုယ်မကြိုက်လဲ သူသိအောင်ပြောပါ။ ဒါကလည်း ရင့်ကျက်မှုတစ်မျိုးပါပဲ။

Source: HerBeauty.co