ပိန်လာတဲ့အခါကျရင် မျက်နှာအဆီက အလိုလို ကျလာတတ်ပါတယ်။ တချို့ကျတော့လည်း ပိန်ပေမယ့် မျက်နှာအဆီရှိပြီး မျက်နှာဖောင်းဖောင်းလေး ဖြစ်နေတတ်ပါတယ်။ မျက်နှာအဆီရှိတယ်ဆိုရင် ကိုယ့်မျက်နှာကျလည်း ပြောင်းလဲနေတတ်ပါတယ်။ နဂိုက Oval Shape ရှိတဲ့ မျက်နှာပိုင်ရှင်က မျက်နှာအဆီရှိမယ်ဆိုရင် Square Shape/ Round Shape စတာတွေ ဖြစ်နေတတ်ပါတယ်။ သင်က မျက်နှာပေါ်က အဆီတွေကို ကျစေချင်တယ်ဆိုရင် လေ့ကျင့်ခန်းနဲ့အတူ ဒီလေ့ကျင့်ခန်းတွေကို လုပ်နိုင်ပါတယ်။

၁။ ဆားများတဲ့ အစားအသောက်တွေကို ရှောင်ပါ

Blackpink အဖွဲ့ဝင် Jennie ဆိုရင် မျက်နှာဖောင်းတတ်တာကြောင့် သူမက အငန်များတဲ့၊ Sodium များတဲ့ အစားအသောက်တွေကို ရှောင်တတ်တယ်လို့ ပြောပြဖူးပါတယ်။ ဆားများတဲ့ အစားအသောက်တွေက သင့်ကို ဗိုက်ပူစေမယ့်အပြင် မျက်နှာပါ ဖောင်းလာစေပါတယ်။ ဒါကြောင့် ဆားပေါ့တဲ့ အစားအသောက်၊ ဆားမပါတဲ့ အစားအသောက်တွေကို ပိုရွေးသင့်ပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပိုစားပေးသင့်ပါတယ်။

၂။ ပီကယ်ဝါးပါ

ပီကယ်ဝါးပေးမယ်ဆိုရင် သင့်မျက်နှာက လေ့ကျင့်ခန်း လုပ်သလို ဖြစ်ပြီး မျက်နှာအဆီကျကာ မေးသွယ်လာနိုင်ပါတယ်။ ပီကယ်ကိုလည်း Sugar Free က ပိုအဆင်ပြေပါတယ်။ Sugar Free ပီကယ်ကို တစ်နေ့မှာ မိနစ် ၂၀ လောက် ဝါးပေးသင့်ပါတယ်။ ဒီလိုဆိုရင် သင့်မျက်နှာ သိသိသာသာ အဆီကျလာပါလိမ့်မယ်။

၃။ ရေများများသောက်ပါ

ရေများများသောက်တာက မျက်နှာယောင်ယမ်းတာ ကျစေပြီး အသားအရေ စိုပြေလာစေပါတယ်။ ရေများများသောက်မယ်ဆိုရင် အစားလည်း သိပ်မစားဖြစ်တော့ဘဲ ဝိတ်ပါကျစေပါလိမ့်မယ်။ ဝိတ်ကျလာတဲ့အခါ မျက်နှာအဆီပါ ကျလာပါလိမ့်မယ်။ ပျိုမေတို့အနေနဲ့ Glow Skin ကို ပိုင်ဆိုင်ချင်ရင်လည်း ရေများများသောက်ဖို့က မဖြစ်မနေ Must Do ပါပဲ။

၄။ ရေခဲကပ်ပါ

မနက်တိုင်း သန့်ရှင်းတဲ့ ရေခဲတုံးကို သင့်မျက်နှာပေါ် ပွတ်ပေးသင့်ပါတယ်။ ရေခဲနဲ့ မျက်နှာပေါ် ပွတ်ပေးတာက အသားအရေ Glow စေတဲ့အပြင် မျက်နှာအဆီပါ ကျစေပါတယ်။ ဒါ့အပြင် ရေခဲက မျက်နှာချွေးပေါက်ကျဉ်းဖို့ပါ ကူညီပေးနိုင်ပါတယ်။ သင်က တစ်ပတ်မှာ တစ်ခါလောက် ပုံမှန် ရေခဲကပ်နိုင်ပါတယ်။ အများဆုံး နှစ်ကြိမ်လောက် လုပ်ရင် ရပါတယ်။ သင်က ရေခဲကို တိုက်ရိုက်မကပ်ချင်ရင် သန့်ရှင်းတဲ့ အဝတ်စနဲ့ ပတ်ပြီး ပွတ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar