Lip Balm ဆိုတာနဲ့ တော်တော်များများက နှုတ်ခမ်းကိုဆိုးဖို့လောက်ပဲသိထားကြတာပါ။ ဒါပေမယ့် ပျိုမေတို့သတိမထားမိလောက်အောင်ပဲ Lip Balm မှာ အသုံးဝင်နေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဓိကကတော့ ပျိုမေတို့အလှပြင်တဲ့အခါမှာ Lip Balm ကအများကြီး အသုံးဝင်နေတာပါပဲ။

ဝက်ခြံ

Source: My Beauty Naturally

မိတ်ကပ်လိမ်းတဲ့အခါမှာမျက်နှာပေါ်မှာရှိနေတဲ့ဝက်ခြံတွေကိုဖုံးသွားအောင် Lip Balm ကကူညီပေးပါတယ်။ မိတ်ကပ်မလိမ်းခင်မှာ ဝက်ခြံရှိတဲ့နေရာလေးကို Lip Balm အရင်လိမ်းပေးပြီးမှ မိတ်ကပ်ကိုလိမ်းပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံတွေကိုဖုံးသွားမှာပါ။

မျက်ခုံး

Source: www.inyminy.com

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ Lip Balm ကိုအသုံးပြုပေးပါ။ ပုံမှန်အတိုင်းမျက်ခုံးမွှေးကိုအရင်ဆွဲပြီးမှ Lip Balm ကိုသုတ်ပေးရမှာပါ။ ဒီလိုလေးလုပ်ပေးတာကမျက်ခုံးမွှေးကိုစိုစိုလေးဖြစ်ပြီးအရင်ထက်ပိုလှသွားစေပါတယ်။

မျက်တောင်

Source: www.stylecentric.com

မျက်တောင်ကော့တဲ့အခါမှာလည်း Lip Balm ကအရမ်းကိုအသုံးဝင်ပါတယ်။ မျက်တောင်ကိုအရမ်းကော့နေတာမျိုးလိုချင်ရင်တော့ Lip Balm ကိုမျက်တောင်မှာအရင်သုတ်ပြီး Mascara နဲ့မျက်တောင်ကိုကော့ပေးပါ။ ဒီလိုလုပ်ပေးတာကပုံမှန်ထက် မျက်တောင်ပိုပြီးကော့နေစေပါတယ်။

Source: www.cosmpgirls.com

မျက်တောင်ကော့ပြီးမျက်နှာမှာ Mascara တွေပေသွားရင်ပဲဖြစ်ဖြစ်၊ Eyeliner ဆိုးပြီးလို့ပေသွားရင်ပဲဖြစ်ဖြစ် ပေသွားတဲ့နေရာမှာ Lip Balm ကိုသုတ်လိုက်မယ်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ပျက်သွားတာကိုတွေ့ရမှာပါ။

ပါးပြင်

Source: www.candidthat.com

ပါးပြင်မှာပြောင်ပြောင်လေးဖြစ်နေအောင် Highlighter ကိုသုံးကြပါတယ်။ ဒီလို Highlighter မရှိရင်ပဲဖြစ်ဖြစ်၊ ကုန်နေရင်ပဲဖြစ်ဖြစ် ပါးရိုးနေရာမှာ Lip Balm ကိုသုတ်လိမ်းပေးပါ။ Lip Balm ဟာ Highlighter သုံးထားသလိုမျိုးသင့်ပါးပြင်လေးကိုပြောင်ပြောင်လေးဖြစ်နေစေမှာပါ။

ဒီအချက်လေးတွေအားလုံးဟာမိန်းကလေးတိုင်းအတွက် အရမ်းကိုအသုံးဝင်စေမယ့်အချက်လေးတွေဖြစ်လို့ Lip Balm လေးတစ်ခုတော့ ဆောင်ထားဖို့လိုမယ်နော်။

Featured image Source:Reader’s Digest