တစ်လမှာ ပုံမှန်လာတတ်တဲ့ ရာသီချိန်အတွင်း စိတ်အတက်အကျအမျိုးမျိုးနဲ့ ကိုယ်က အောင့်တတ်တဲ့သူဆိုရင် ပိုဆိုးပါတယ်။ ဒါ့အပြင် Pad တွေ ဝယ်ရတာ၊ Menstrual Cup သုံးရတာ၊ Tampon ဝယ်ရတာ စတာတွေက အကုန်အကျ များသလို လုပ်နေရတာ အလုပ်တစ်ခုပါပဲ။ ဒါ့အပြင် ကိုယ်ပေါက်နေလား အသိမိတ်ဆွေ မိန်းကလေးတွေကို မေးရတာလည်း ပျိုမေတို့မှာ ပုံမှန်ပါပဲ။ လာပြီဆိုတာနဲ့ စိတ်ရှုပ်ရတာတော့ ပျိုမေတို့ သိမှာပါ။ ဒီတော့ ဒါအတွက် အကြံပေးချက်တွေကို ကြည့်လိုက်ရ
အောင်နော်-

၁။ Dark Chocolate

Dark Chocolate က ကျန်းမာရေးနဲ့ ညီညွတ်သလို ပျိုမေတို့ ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ Dark Chocolate က Period ချိန်အတွင်း အောင့်တာကို သက်သာစေတာကြောင့် စားပေးသင့်ပါတယ်။

၂။ ကိုယ်နဲ့ အဆင်ပြေတာ ဝယ်ပါ

ဟိုလူက Menstrual Cup ဝယ်လို့၊ Tampon သုံးလို့ ခေတ်နောက်ကျသွားပြီလား စသဖြင့် မတွေးသင့်ပါဘူး။ ရာသီသုံး ပစ္စည်းတိုင်းမှာ ကောင်းကွက် ဆိုးကွက် ကိုယ်စီရှိပါတယ်။ သင်က စမ်းကြည့်ပြီးလို့ မကြိုက်ရင် ကိုယ်နဲ့ အဆင်ပြေတဲ့ အမျိုးအစားကိုပဲ ရွေးချယ်သင့်ပါတယ်။

၃။ ရေနွေးနွေးလေးနဲ့ ချိုးတာ

ရာသီလာတာနဲ့ အောင့်တတ်တယ်ဆိုရင် ရေချိုးတဲ့အချိန် ရေနွေးနွေးလေးနဲ့ ချိုးတာက Safe ဖြစ်ပါတယ်။

၄။ Period Yoga လုပ်ပါ

Period Yoga လေ့ကျင့်ခန်းကို ရာသီလာတဲ့အချိန် လုပ်ပေးသင့်ပါတယ်။ Period Yoga လေ့ကျင့်ခန်းတွေက အောင့်တာ သက်သာစေပြီး သွေးဆင်းတာကို ချောချောချူချူ ဖြစ်စေပါတယ်။

၅။ ဘာမှလုပ်ချင်စိတ်မရှိတဲ့အခါ

ရာသီလာနေတဲ့အချိန် အစားအများကြီး စားတဲ့သူ ရှိသလို အစားနည်းသွားတဲ့သူလည်း ရှိပါတယ်။ ဒါ့အပြင် အလုပ်လုံးဝ မလုပ်ချင်တော့တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲလုပ်လုပ် သက်သောင့်သက်သာ ဖြစ်အောင်ပဲ နေသင့်ပါတယ်။

၆။ အောင့်တာအတွက်

အောင့်တာ ချက်ချင်း သက်သာဖို့ ရေနွေးအိတ်ကို ဗိုက်ပေါ် ကပ်ပေးသင့်ပါတယ်။

၇။ အနက်ရောင် အတွင်းခံ

ဒီလိုရက်တွေမှာ သင့်အဝတ်တွေ အစွန်းမဖြစ်ဖို့ အတတ်နိုင်ဆုံး အနက်ရောင်ရှိတဲ့ အတွင်းခံ၊ ဘောင်းဘီ၊ ထဘီတွေ ဝတ်ပေးသင့်ပါတယ်။

၈။ Period App သုံးပါ

ဆရာဝန်ကပဲ ဖြစ်ဖြစ် ကိုယ့်ကို ဘယ်ရက် လာလဲ မေးရင် တိကျစွာ ဖြေနိုင်ဖို့ လိုပါတယ်။ ဒီလို ဖြေနိုင်ဖို့ Period ချိန်၊ Ovulation အချိန်တွေကို မှတ်နိုင်မယ့် Period App တစ်ခု ဖုန်းထဲ ရှိထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar