အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခါမှာတော့ အမျိုးသားတွေအတွက် ကြည့်ကောင်းစေမယ့် ဖက်ရှင်တစ်ချို့ ကို ပြောပြပေးချင်ပါတယ်။ ကိုယ် ကြိတ်  ခရှက်ရ်နေတဲ့ ကောင်မလေးရဲ့ ရှေ့ မှာ စမတ်ကျကျနဲ့ ကြည့်ကောင်းနေဖို့ဆိုရင် ဝတ်တတ် စားတတ်ဖို့ကလည်း လိုသေးတယ်နော်။

ဈေးကြီးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်မှ ဖက်ရှင်ကျတာမဟုတ်ပါဘူး၊ ဈေးအသင့်အတင့်ရှိတဲ့ အဝတ်အစားလေးတွေကို သပ်သပ်ရပ်ရပ်နဲ့ဝတ်စားထားမယ်ဆိုရင်လည်း စမတ်ကျကျနဲ့ ကြည့်ကောင်းနိုင်ပါသေးတယ်။

အရောင်ကို လိုက်ဖက်မှုရှိအောင် ဖက်စပ်တတ်ဖို့ကလည်း တတ်ကျွမ်းထားသင့်တဲ့ ပညာရပ်တစ်ခုပါပဲ

ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ပြီး စမတ်ကျကျဝတ်ပါ


Sexy  ကျချင်တယ်ဆိုရင်တော့ အင်္ကျီအပေါ်ကြယ်သီးတစ်လုံး ဖြုတ်ထားလိုက်ပေါ့

ဘောင်းဘီအတိုလေးနဲ့လည်း လူငယ်ဆန်ဆန် ဖက်ရှင်ကျနိုင်ပါသေးတယ်

နာရီပတ်ခြင်းအားဖြင့် မိမိရဲ့ စမတ်ကျတဲ့ ဖက်ရှင်ကို တစ်လောကလုံးကို ပြသလိုက်ပါ

အင်္ကျီအထဲထည့်မယ်ဆိုရင် ခါးပတ်ကလည်း မရှိမဖြစ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပါပဲ

ခါးပတ်ပြီးရင် ဦးထုပ်လာပါမယ်၊ ဦးထုပ်ကတော့ ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဦးထုပ်ကို ရွေးချယ်ပေးပါ

ခါးပတ်မပတ်ချင်ဘူးဆိုရင်တော့ နောက်ထပ် ရွေးချယ်စရာ နည်းလမ်းတစ်ခုရှိပါသေးတယ်၊ Suspender လို့ ခေါ်တဲ့ ဆိုင်းကြိုးလေးနဲ့ ချိတ်ထားလိုက်ရုံပါပဲ

Waistcoat ထပ်ဝတ်ပေးလိုက်မယ်ဆိုရင်တော့ လူတကာငေးမောရမယ့် ဖက်ရှင်လေး ပိုင်ဆိုင်နိုင်ပါပြီ

ဆောင်းတွင်းလည်း နီးလာပြီဆိုတော့ ဂျာကင်အင်္ကျီလေးတွေကလည်း အသုံးတည့်မှာ အမှန်ပါပဲ

Photo Source: Pinterest.com