အခုဆို ရာသီဥတုက ဆောင်းရာသီဘက်ကို ပြောင်းလဲလာပါပြီ ။ အေးတဲ့ရာသီဥတုမှာ အအေးဏ်ကြောင့် အသားအရေခြောက်တာ ၊ နှုတ်ခမ်းသားတွေကွဲတာကို ကာကွယ်ဖို့လိုအပ်ပါတယ်။ အသားအရေနဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ထိန်းပေးပြီး အသားအရေကို ထိထိရောက်ရောက်ကာကွယ်ဖို့ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

နေ့တိုင်း အစိုဓာတ်ထိန်းပါ

အေးတဲ့ရာသီဥတုမှာ Cream-based or Petroleum-based Moisturizers တွေ Lotion ကို ပုံမှန်နဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ သုံးပေးသင့်ပါတယ်။

ရေနွေးနဲ့ ဆပ်ပြာကို ရှောင်ပါ

ဆပ်ပြာက အသားအရေကို တင်းရင်းစေပြီး ခြောက်သွေ့စေတဲ့အပြင် ရေနွေးနဲ့ချိုးတာကလည်း အသားအရေကို ပိုပြီး ခြောက်စေပါတယ်။ အဲဒီအစား Lotion နဲ့ Moisturizer တွေသုံးကြည့်ပါ၊ လက်ဆေးရင် Hand Cream လိမ်းပါ။

လေတိုက်မခံပါနဲ့

ဆောင်းတွင်းတိုက်တဲ့လေက အသားအရေခြောက်တာ ၊ ယားတာမျိုးတွေဖြစ်စေတတ်တာမလို့ မျက်နှာနဲ့ လက်တွေကို လက်အိတ် ၊ ပုဝါတို့နဲ့ ကာကွယ်ပါ။

ဗီတာမင် D သောက်ပါ

အေးတဲ့လတွေမှာ ဗီတာမင် D သောက်ပေးပါ။ ဗီတာမင် D က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး အသားအရေကို အကာအကွယ်ပေးတာမလို့ ပြန်လည်နုပျိုမှုကို အားပေးပါတယ်။

Morning Skin Routine လုပ်ပါ

ဒါက အေးတဲ့ရာသီဥတုတင်မက ပူတဲ့ ရာသီဥတုနဲ့လည်း အဆင်ပြေပါတယ်။ မနက်ခင်းမှာ ပုံမှန်အသားအရေထိန်းသိမ်းတာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေယားတာ ၊ ဝက်ခြံဖြစ်တာတို့ကို လျော့ကျစေပါတယ်။