သင်က ရယ်လိုက်တာနဲ့ သွားညီညီ ဖြူဖြူလေးတွေကို လိုချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တချို့တွေက သွားကျန်းမာရေး ကောင်းကြပေမယ့် တချို့ ကံမကောင်းသူတွေကတော့ သွားနဲ့ ပတ်သက်ပြီး ဆေးခန်းခဏခဏ သွားရတတ်ပါတယ်။ ဒီအကြောင်းအရာထဲမှာတော့ သွားဖြူဖြူလေးတွေ ပိုင်ဆိုင်တဲ့အပြင် ခံတွင်းနံ့ပါ မွှေးလာစေမယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

၁။ တစ်နေ့မှာ သွားနှစ်ကြိမ်ပုံမှန်တိုက်ပါ

ညဘက် မအားလို့ မတိုက်ဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေကို လုံးဝ မေ့ပစ်ပြီး တစ်နေ့မှာ ပုံမှန် သွားနှစ်ခါ တိုက်ပေးရပါမယ်။ ဒီလို တိုက်တဲ့အချိန် ၂ မိနစ် ဝန်းကျင် တိုက်ပေးသင့်ပါတယ်။

၂။ Floss လုပ်ပါ

တစ်ခုခု စားပြီးတိုင်း သွားကို Floss လုပ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် သွားကြားထဲက အစာတွေ ပါလာပြီး ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်တော့ဘဲ သွားဖြူလာစေနိုင်ပါတယ်။

၃။ Mouthwash သုံးတဲ့အချိန်

Mouthwash သုံးတာက အဆင်ပြေပေမယ့် သင့်အနေနဲ့ ခဏခဏ သုံးတာမျိုး မလုပ်သင့်ပါဘူး။ Mouthwash အစား သွားတိုက်တာကိုပဲ ဦးစားပေး လုပ်ပေးသင့်ပါတယ်။

၄။ ပီကယ်ဆောင်ထားပါ

ပီကယ်က သင့်ခံတွင်းနံ့ကို လျော့ပါးစေပါတယ်။ ဒါ့အပြင် လူတွေနဲ့ စကားပြောတဲ့အခါလည်း ပီကယ်ဝါးထားတာကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှု ရှိနေစေပါလိမ့်မယ်။ ဒါပေမဲ့ အချိုပါတဲ့ ပီကယ်ဆိုရင်တော့ ရေပြန်သောက်ဖို့ မမေ့သင့်ပါဘူး။

၅။ တစ်ပတ်မှာတစ်ခါ Baking Soda ကို သုံးပေးပါ

Baking Soda က သင့်သွားတွေကို ပိုဖြူလာစေဖို့ အပြည့်အဝ အကူအညီ ပေးနိုင်ပါတယ်။ Baking Soda က အဝင်ဆိုးပေမယ့် သွားဖြူလာမှာကတော့ မလွဲမသွေပါပဲ။ သင့်သွားကို Baking Soda နဲ့ တစ်ပတ်တစ်ခါ ပွတ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar