အခုအချိန်အခါက တစ်ယောက်တည်း ခရီးသွားဖို့ ဘယ်လိုမှ မလွယ်ကူတဲ့ အချိန်ကာလပါ။ ဒါပေမဲ့ တစ်ချိန်ချိန် ခရီးသွားဖို့ အခွင့်အရေး ရခဲ့ရင် သင့်အနေနဲ့ ကြိုသိထားနိုင်ဖို့ ဒီအကြောင်းအရာကို ဖတ်ထားနိုင်ပါတယ်။ တစ်ယောက်တည်း ခရီးသွားတဲ့အခါ ကောင်းကျိုး ရှိသလို မကောင်းတာလည်း ဒွန်တွဲ ပါလာနိုင်ပါတယ်။ ကောင်းကျိုးကတော့- ခရီးသွားတဲ့အခါ အသစ်ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်အလှ၊ သဘာဝ ရှုခင်းတွေက သင့်ဘဝ အမောတွေကို ပြေပျောက်စေတာပါ။ ဒီတစ်ခေါက်မှာတော့ တစ်ယောက်တည်း ခရီးသွားချင်သူတွေအတွက် အကြံပြုချက်နဲ့အတူ တစ်ယောက်တည်း ခရီးသွားသူတွေရဲ့ ပုံရိပ် ပန်းချီကားတွေကို သင်အမောပြေဖို့ တစ်ပါတည်း ဖော်ပြပါရစေ။

သင့်ရဲ့ ခရီးသွားမယ့် အစီအစဉ် အတိအကျကို ယုံကြည်ရတဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေကို ပြောထားသင့်ပါတယ်

သင်ဘယ်ဟိုတယ်မှာ တည်းမလဲ၊ ဘယ်နေရာတွေ သွားမလဲ ဖြစ်နိုင်သလောက် အသေးစိတ် အတိအကျကို သင်ယုံကြည်ရတဲ့ သူတွေကို ပြောပြထားသင့်ပါတယ်။ ဒီလိုဆိုရင် သင်နဲ့ သူ အဆက်အသွယ် မရတဲ့အခါ သင်ရှိတဲ့နေရာကို သိထားတာကြောင့် နောက်ဆက်တွဲ ဖြေရှင်းမှုတွေကို လုပ်ဖို့ လွယ်ကူနိုင်ပါတယ်။

အရေးပေါ် Plan တွေ ကြိုဆွဲထားပါ

သင်တည်းမယ့်၊ သင်သွားမယ့် နေရာတွေမှာ ဆေးခန်း ဘယ်နားရှိလဲ၊ မီးသတ်ဌာန ဘယ်နားရှိလဲ၊ ဘယ်ဆိုင်က ဘယ်နားရှိနိုင်လဲ စသဖြင့် ယေဘုယျ အချက်အလက်တွေကို ကြိုစုဆောင်းထားသင့်ပါတယ်။

အရေးကြီးတဲ့အရာတွေကို သေချာထားပါ

သင့်ပိုက်ဆံအိတ်၊ Credit ကတ် စတာတွေကို သင်မြင်နိုင်တဲ့ စိတ်ချရတဲ့ အိတ်ထဲမှာ သေချာ ထည့်ထားသင့်ပါတယ်။ အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် ကြိုလုပ်ထားသင့်ပါတယ်။

ကြိုတွေးထားပါ

ဘယ်အရာမဆို အန္တရာယ်ရှိလာန်ိုင်တာပါပဲ။ အထူးသဖြင့် တစ်ယောက်တည်း သွားရင် ပိုသတိထားသင့်ပါတယ်။ သင်က သောက်တတ်သူဆိုရင်လည်း Limit ထက် ကြိုမသောက်သင့်သလို သင့်အနားက လူတွေကိုလည်း ယုံကြည်ထားလို့ မရပါဘူး။ စိတ်ထွက်ပေါက်ရဖို့ တစ်ယောက်တည်း ခရီးသွားတာ မှန်ပေမယ့် ဘယ်နေရာမဆို သတိနဲ့ သွားသင့်ပါတယ်။

သင်သွားမယ့် နေရာတွေကို သေချာလေ့လာထားပါ

သင်သွားမယ့် ခရီး တည်နေရာ အားလုံးမှာ ဘယ်နေရာက အန္တရာယ်များလဲ၊ ဘယ်နေရာက သင်နဲ့ သင့်တော်မလဲ အကုန်လုံးကို တစ်ယောက်တည်း ခရီးမသွားခင်တည်းက သေချာ လေ့လာထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar