tမင်္ဂလာပါ…. ပျိုမဒီတို့ရေ…. မိန်းကလေးတစ်ယောက်လှနေဖို့ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူးနော်။ ဘယ်အသက်အရွယ်ဘဲဖြစ်ဖြစ် အမြဲကျော့ရှင်းလှပနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်ဖြစ်ဖို့တော့ လိုတာပေါ့နော်။ ဒီတစ်ခေါက်မှာတော့ အသက်  ၆၀ ကျော်နေပေမယ့် လက်သည်းအလှပြင်ရတာလည်းကြိုက်တဲ့ အန်တီတို့အတွက် သင့်တော်မယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

အရောင်ကို မကြောက်ပါနဲ့

လက်သည်းဆိုးဖို့အရောင်ဝယ်တဲ့အခါ ဒါမှမဟုတ် လက်သည်းပြင်ဆိုင်ရောက်တဲ့အချိန် လက်သည်းဆိုးဖို့အရောင်ရွေးရတော့မယ်ဆိုရင် တောက်ပတဲ့အရောင်တွေက ရင့်ကျက်တဲ့လက်တွေအတွက် အကောင်းဆုံးသူငယ်ချင်းပါပဲ။ တောက်ပတဲ့ နီယွန်အရောင်တွေကတောင် လက်တွေကို ပိုနုပျိုစေပြီး အသားအရေကို နွေးထွေးတဲ့အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

ရိုးရှင်းတဲ့ပုံစံထားပါ

လက်သည်းပြင်ဆိုင်မှာ လက်သည်းပုံပြင်တဲ့အခါ အချွန်ပုံစံ လေးထောင့်ပုံစံ စသဖြင့် အမျိုးမျိုးရွေးချယ်စရာတွေ ရှိပေမယ့် အသက်အရွယ်နဲ့လိုက်ဖက်တဲ့ လက်သည်းပုံလေးတွေကို ရွေးချယ်သင့်ပါတယ်။ လက်သည်းခြေသည်းပုံဖော်တဲ့အခါ ဘဲဥပုံနဲ့ အဝိုင်းပုံတို့က လက်ချောင်းလေးတွေကို  ပိုမိုနုပျိုစေပြီးရှည်တယ်လို့ ထင်စေရပါတယ်။

Gel ကို စမ်းဆိုးကြည့်ပါ

လက်သည်းနီဆိုးတဲ့အခါ ရင့်ကျက်တဲ့လက်တွေအတွက် Gel ဆိုးဖို့အကြံပေးချင်ပါတယ်။ Gel က လက်သည်းများ ခြောက်သွားဖို့ အချိန်အများကြီးမလိုအပ်ပါဘူး။

လက်သည်းများကို ဂရုစိုက်ပါ

အသက်ကြီးလာတဲ့အခါ လက်သည်းလေးတွေက ပိုတောင့်တင်းပြီး ကြွပ်ဆတ်လာနိုင်ပါတာမို့ လက်သည်းတွေကို ဂရုစိုက်သင့်ပါ့တယ်။ နေရောင်ခြည်ဒဏ်က အရေးအကြောင်းတွေ ဖြစ်လာနိုင်တာကြောင့် နေရောင်ကာခရင်မ်အလွှာကို အမြဲလိမ်းပေးသင့်ပါတယ်။