တစ်နှစ်နဲ့တစ်နှစ် ခေတ်စားတဲ့ ဆံပင်စတိုင်တွေ အမျိုးမျိုး ပေါ်လာပေမယ့် ဆံပင်အရှည်စတိုင်ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆံပင်ပုံစံတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဆံပင်အရှည်ထားမယ်ဆိုရင် စိတ်ရှည်ရသလို ဂရုတစိုက်လည်း ရှိရပါတယ်။

ပုံကျပြီး ကြည့်ကောင်းတဲ့ ဆံပင်စတိုင်ရဖို့ တချို့ ဆောင်ရန်ရှောင်ရန်လေးတွေတော့ လိုက်နာဖို့ လိုပါမယ်။ ဒီဆောင်းပါးလေးမှာတော့ ဆံပင်အရှည်ထားချင်တဲ့သူတို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဆီလိမ်းပြီး နှိပ်နယ်ပေးပါ

ဦးရေပြား သန့်ရှင်း ကျန်းမာဖို့နဲ့ ခြောက်သွေ့နေတဲ့ ဆံသားတွေ ပြန်အားဖြစ်ဖို့အတွက် အုန်းဆီ ၊ သံလွင်ဆီ စတဲ့ ဆီတစ်ခုခု လိမ်းပေးသင့်ပါတယ်။ ဆီလိမ်းရာမှာ ဆံပင်ကို အဖျားကနေ အရင်းအထိ နှံ့နေအောင် လိမ်းပေးဖို့ လိုပြီး ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံပင်အရှည်မြန်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။

(၂) Diet စားပေးပါ

ဆံပင်တွေ မပျက်စီးဖို့နဲ့ ဆံသားကောင်းကောင်းနဲ့ ရှည်လာဖို့အတွက် မှန်ကန်တဲ့ အစားအသောက် စားပေးသင့်ပါတယ်။ ဗာဒံစေ့လို ၊ ငါးကြီးဆီလိုမျိုးတွေဟာ ဆံပင်အတွက် ကောင်းမွန်တဲ့ ဖြည့်စွက်အစားအစာတွေ ဖြစ်သလို ဆယ်လ်မွန်ငါး စတာတွေလည်း စားပေးဖို့ လိုပါတယ်။

(၃) နေ့တိုင်းခေါင်းလျှော်ဖို့ မလိုပါဘူး

နေ့တိုင်းခေါင်းလျှော်တာဟာ မှားယွင်းတဲ့ ဆံပင်ထိန်းသိမ်းနည်း ပုံစံ ဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ခါထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။ နောက်တစ်ခုက Conditioner ကို သုံးပြီး လျှော်တာဟာ ဆံပင် မထိခိုက်စေတာကြောင့် ခေါင်းလျှော်တိုင်း Conditioner သုံးသင့်ပါတယ်။

(၃) မကြာခဏ ခေါင်းဖြီးခြင်းကိုရှောင်ပါ

ခေါင်းဖြီးတာ များလေလေ ဆံပင်တွေ ပျက်စီးပြီး သန်စွမ်းဖို့ အားနည်းလေလေပါပဲ။ ဒီလိုပြောလို့ ခေါင်း လုံးဝမဖြီးနဲ့ လို့မဆိုပါဘူး။ ခေါင်းဖြီးတာကို တတ်နိုင်သမျှ လျှော့ဖို့ပါပဲ။

(၅) လေမှုတ်စက် အသုံးပြုခြင်းရှောင်ပါ

ခေါင်းလျှော်ထားတဲ့ ဆံပင်ကို ခြောက်သွေ့စဖို့ Hairdryers သုံးတာဟာ ဆံပင်ပျက်စီးတာ ၊ နှစ်ခွဖြစ်တာတွေ အဖြစ်များပါတယ်။ ဆံပင်ရှည်လေလေ ဆံပင်ဟာ ပျက်စီးဖို့ ပိုများလေလေပါပဲ။ ဒီတော့ ခေါင်းက ရေသုတ်ရာမှာ နူးညံ့တဲ့ တဘက်မျိုးနဲ့ ညင်ညင်သာသာလေး သုတ်ပေးဖို့ လိုပါတယ်။