ဝိတ်သာလျော့ချင်ပေမယ့် GYM သွားဖို့၊ အိမ်မှာပဲလေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ တော်တော်လေးကိုခက်ခဲတဲ့အရာလိုပါပဲနော်။ စိတ်ကပါပေမယ့် ပျင်းနေတဲ့အတွက်ကြောင့် မလုပ်မိတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အဲ့လိုအပျင်းကြီးတဲ့စာဖတ်သူလေးတွေအတွက် လေ့ကျင့်ခန်းလည်းတကူးတကမလုပ်ချင်ဘူးဆိုရင်တော့ ဒါလေးတွေကိုတော့ လိုက်တော့လုပ်ပေးဖို့ တိုက်တွန်းပါရစေနော်။

ပန်းကန်အသေးကိုပဲ အသုံးပြုပါ

Photo Source: Medical News Today

ထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ်၊ တစ်ခုခုစားတဲ့အခါမှာပဲဖြစ်ဖြစ် ပန်းကန်အသေးကိုပဲ အသုံးပြုသင့်ပါတယ်။ သုံးတဲ့ပန်းကန်ကသေးနေတဲ့တော့ အများကြီးစားလို့မဝင်တော့ဘူးပေါ့။

လှေကားကိုပဲအသုံးပြုပါ

တစ်နေရာရာကိုသွားတဲ့အခါမှာ ဓာတ်လှေကားတွေနဲ့၊ စက်လှေကားအစား လှေကားထစ်တွေကို အသုံးပြုမယ်ဆိုရင် လေ့ကျင့်ခန်းတစ်ခါထဲလုပ်ပြီးသားဖြစ်ပြီး သင့်ကိုယ်အလေးချိန်ကိုလည်း လျော့ကျလာစေမှာပါ။

ပရိုတင်းဓာတ်ပါတာ များများစားပါ

Source: Eat This, Not That

ပရိုတင်းဓာတ်ပါတာတွေကို စားပေးမယ်ဆိုရင် သင့်ကိုဗိုက်ဝနေတယ်လို့ ခံစားရစေတာကြောင့် မကြာခဏစားချင်စိတ်ကိုလည်း ထိန်းပြီးသားဖြစ်မှာပါ။ ဒါကြောင့် မနက်စာကို ကြက်ဥစားပေးဖို့က အသင့်တော်ဆုံးပါပဲ။

အစားအစာတွေသွားဝယ်တဲ့အခါမှာ

Source: WUR

တစ်ပတ်စာအတွက် အိမ်မှာစားဖို့စားစရာတွေသွားဝယ်တဲ့အခါမှာ ဗိုက်ပြည့်အောင် အရင်လုပ်သွားဖို့လိုပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာ အစားအစာထွက်ဝယ်မယ်ဆိုရင် အများကြီးဝယ်မိစေနိုင်ပါတယ်။ ဗိုက်ပြည့်နေတဲ့အချိန်မှာဆိုတော့ သင့်နဲ့သင့်တော်မယ့် အစားအစာ၊ ဝိတ်မတက်စေမယ့်အရာမျိုးတွေကို ပိုရွေးချယ်မိစေမှာပါ။

များများမတ်တပ်ရပ်ပေးပါ

Source: Freepik

အမြဲတမ်းထိုင်နေတဲ့သူတွေက ဝိတ်တက်ဖို့ပိုပြီးတော့ အခွင့်အရေးများပါတယ်။ လုပ်ငန်းခွင်ထဲကိုဝင်နေရတဲ့သူဆိုရင်တောင် တစ်နာရီပြည့်တိုင်းမှာ ၁မိနစ်လောက်ထပြီး မတ်တပ်ရပ်ပေးမယ်ဆိုရင်လည်း ဝိတ်လျော့စေဖို့အထောက်အပံ့ကောင်းတစ်ခုပေါ့။

ရေများများသောက်ပေးပါ

ရေများများသောက်ပေးခြင်းက ခန္ဓာကိုယ်အတွက်ရေဓာတ်ကို ပြည့်ဝစေတဲ့အပြင် မကြာခဏဆာလောင်ခြင်းကိုလည်း တားဆီးနိုင်တာကြောင့် ဝိတ်ကျချင်တဲ့သင့်အတွက်တော့ အထောက်အကူဖြစ်စေမှာပါ။

ဒီအချက်တွေကတော့ ဝိတ်လျော့ချင်ပေမယ့် ပျင်းနေတဲ့သူတွေအတွက်လိုက်နာသင့်တဲ့အရာတွေပါ။ ဒါတွေအပြင် လမ်းကိုလည်းပုံမှန်လျှောက်ပေးမယ် ကယ်လိုရီတွေကိုလည်းသေချာကြည့်ပြီး စားသောက်မယ်ဆိုရင်တော့ ကျန်းမာပြီးလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။