တချို့က အပေါင်းအသင်းနဲ့နေရတာကိုကြိုက်ပေမယ့် တချို့ကျတော့ တစ်ယောက်ထဲ သီးသန့်နေရတာကို ပိုကြိုက်ကြပါတယ်။ တစ်ခါတစ်လေကျရင်လည်း တစ်ယောက်ထဲနေရတာက ပိုကောင်းသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲနေရတာကို ကြိုက်တယ်ဆိုရင် အားလပ်ရက်ကို ဒီအရာတွေနဲ့ ကုန်ဆုံးကြည့်လိုက်ပါ။

ကိုယ်စားချင်တာတွေကိုယ်တိုင်လုပ်စားကြည့်ပါ

တစ်ယောက်ထဲ မုန့်လုပ်စားဖို့ shopping ထွက်ပြီး စားချင်တာတွေ လုပ်စားကြည့်ပါ။ တစ်ခါတစ်လေကျရင် အပြင်မှာဝယ်စားတာထက် ကိုယ်တိုင်မုန့်လုပ်စားရတာက ပိုပျော်စရာကောင်းပါတယ်။ အပျင်းလည်းပြေစေပါတယ်။

ရုပ်ရှင်ကြည့်ပါ

အားလပ်ရက်မှာ တစ်ယောက်ထဲအေးဆေးအနားယူဖို့ ရုပ်ရှင်တွေသာ အများကြီး down ထားပြီး မုန့်စားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အေးဆေး chill လို့ရပါတယ်။ နောက်ဆုံး ရုပ်ရှင်မကြည့်ချင်ရင်တောင်မှ ကိုယ်ဝါသနာပါတာလေးတွေကို youtube မှာကြည့်ပြီး သင်ယူလို့ရပါတယ်။

စာဖတ်ပါ

အားလပ်ရက်မှာ တစ်ယောက်ထဲအချိန်ကုန်မယ်လို့ စဉ်းစားထားရင် စာအုပ်တွေလည်းဝယ်ထားပါ။ တစ်ယောက်ထဲနေပြီး အေးအေးဆေးဆေး စာအုပ်လေးဖတ်လိုက်၊ ကော်ဖီလေးသောက်လိုက်၊ သီချင်းလေးနားထောင်လိုက်နဲ့ နေရတာက စိတ်ကျေနပ်ဖို့ အရမ်းကောင်းပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိစေသလို အပျင်းလည်း ပြေစေပါတယ်။

အလှအပအတွက်လုပ်ပါ

အားလပ်ရက်မှာ တစ်ယောက်ထဲအေးဆေးအနားယူပြီး လေ့ကျင့်ခန်းလုပ်လိုက်၊ skincare လုပ်လိုက်နဲ့လည်း အချိန်ကုန်လို့ရပါတယ်။ ပုံမှန် skincare နေပေမယ့်လည်း အားလပ်ရက်မှာ ဆိုင်သွားပြီး spa လုပ်တာပဲဖြစ်ဖြစ်၊ အိမ်မှာ spa လုပ်တာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။ အသားအရေကြည်ပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေပါတယ်။