မင်္ဂလာပါ…… ပျိုမဒီတို့ရေ…. ချွေးစေးထွက်တာကို ဘယ်သူမှ မကြိုက်ဘူး မဟုတ်လား။ နွေရာသီရောက်ပြီမို့ ခြေလက်တွေ ချွေးထွက်များတဲ့ သူတွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။ ရာသီဥတုပူလွန်းတဲ့အခါ ချွေးထွက်များတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် တချို့လူတွေမှာတော့ မလှုပ်မရှားနေရင်နဲ့ကို ချွေးထွက်သန်တဲ့ လူတွေ ရှိတတ်ပါတယ်။

ချွေးထွက်များတဲ့အခါ ချွေးနံ့တွေကြောင့် လူအများကြားမှာ ယုံကြည်ချက်ပျောက်ဆုံးရတတ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် အနံ့ဆိုးတွေ ပြေပျောက်အောင် လုပ်နိုင်တဲ့ အရာလေးတွေတော့ ရှိပါတယ်။

သန့်ရှင်းအောင်နေပါ

တကယ်က ချွေးမှာ အနံ့မရှိပေမယ့် အရေပြားမှာရှိနေတဲ့ ဘက်တီးရီးယားတွေက ချွေးနဲ့ရောပြီး မြန်မြန်ပွားပြီး အနံ့အသက်ထွက်လာတာပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက် ရေချိုးပေးရင် ချွေးထွက်များပြီး အရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အထူးသဖြင့် ချွေးထွက်တတ်တဲ့နေရာတွေကို သေချာဆေးကြောတာက ခန္ဓာကိုယ်အနံ့ဆိုးထွက်အောင် ကူညီပေးနိုင်ပါတယ်။

Antibacterial Soap ကိုသုံးပါ

Antibacterial Soap က အနံ့အသက်ဆိုးများဖြစ်စေတဲ့ ဘက်တီးရီးယားအချို့ကို ဖယ်ရှားပစ်နိုင်တာကြောင့် ပုံမှန်ဆပ်ပြာတွေအစား Antibacterial Soap ကိုသုံးပေးပါ။

သေချာအခြောက်ခံပါ

အသားအရေ ခြောက်သွေ့နေရင် ခန္ဓာကိုယ်အနံ့ဆိုးထွက်နည်းတာကြောင့် ရေချိုးပြီးတိုင်း သေချာသတိထားပြီး ခြောက်အောင်သုတ်ပေးပါ။

အဝတ်အစားလဲပေးပါ

ချွေးအရမ်းထွက်တဲ့အခါ အဝတ်အစားကို မကြာကြာလဲပေးပါ။ လတ်ဆတ်တဲ့အဝတ်အစားတွေက ခန္ဓာကိုယ်အနံ့ဆိုးတွေကို သက်သာစေပါတယ်။

အစားရှောင်ပါ

ငရုတ်သီးအပူ ဒါမှမဟုတ တခြားစပ်တဲ့အစားအစာတွေက ချွေးပိုထွက်စေတာကြောင့် ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေနိုင်ပါတယ်။ ကဖင်း (သို့) အရက်ပါတဲ့ အချိုရည်တွေကလည်း ချွေးပိုထွက်စေနိုင်တဲ့အပြင် ကြက်သွန်ဖြူ ကြက်သွန်နီလိုအစားအစာတွေက ချွေးနံ့ကို ပိုပြင်းစေပါတယ်။