မျက်တောင်ဆက်တဲ့အကြိမ်ရေတွေ ခနခနများတဲ့အခါတွေမှာ မျက်တောင်တွေက အားနည်းလာပြီး ကျွတ်တာတွေဖြစ်လာတတ်ပါတယ်။ ဒီလိုအားနည်းလာတဲ့မျက်တောင်တွေကို သဘာဝနည်းလမ်းအတိုင်းပြန်ကောင်းလာဖို့ ကျွတ်တာသက်သာစေဖို့ဆို ဒီအချက်တွေကို သတိထားပြီးရှောင်သင့်ပါတယ်။

မျက်တောင်ဆက်ထားချိန်မှာ Mascara မသုံးပါနဲ့

မျက်တောင်ဆက်ထားတယ်ဆိုရင် Mascara မသုံးသင့်ပါဘူး ။ အရေးကြီးတဲ့နောက်တစ်ချက်က ညမအိပ်ခင် မိတ်ကပ်ဖျက်ဖို့ပါ။ သတိထားရမှာက မိတ်ကပ်ဖျက်ဆေးတွေနဲ့ မျက်လုံးကို အလွန်အကျွံ ပွတ်တာက သဘာဝ မျက်တောင်တွေကို ကျွတ်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အော်ဂဲနစ် မိတ်ကပ်ဖျက်ဆေးကို ရှာပါ။

Vitamin Supplements များသောက်ပါ

ဗီတာမင် B-3၊ ဗီတာမင်စီ၊ ဗီတာမင် H ၊ biotin နဲ့ ဗီတာမင် E တို့လို ဗီတာမင်ဖြည့်စွက်ဆေးတွေက ကျန်းမာသန်စွမ်းတဲ့ မျက်တောင်များရစေဖို့ အများကြီးကူညီပေးပါတယ်။

Mascara ကို သေချာရွေးပါ

Mascara တော်တော်များများမှာက မျက်တောင်တွေကို ခြောက်သွေ့စေတဲ့ဓာတုပစ္စည်းတွေ ပါဝင်တတ်တာကြောင့် မျက်တောင်တွေကို ခြောက်သွေ့စေမယ့် Ethel Alcohol ပါ၀င်တဲ့ Mascara တွေကိုရှောင်ပါ။

Green Tea သောက်ပါ

EGCG လို့ခေါ်တဲ့ ကြီးထွားမှုကို မြှင့်တင်ပေးတဲ့ ဒြပ်ပေါင်းက Green Tea ထဲမှာပါတာကြောင့် Green Tea သောက်ရင်း မျက်တောင်တွေကို သဘာဝအတိုင်းရှည်စေတဲ့အကျိုးကျေးဇူးကို ခံစားနိုင်ပါတယ်။

ပုံမှန်နှိပ်ပေးပါ

နှိပ်ပေးတာက သွေးလည်ပတ်မှုကိုကောင်းစေတာမလို့ မျက်ခွံတွေအပေါ်ကနေ အသာလေးနှိပ်ပေးပါ။ နှိပ်တဲ့အချိန်မှာ မျက်တောင်တွေကို အတင်းပွတ်တာမျိုးရှောင်ပါ။

Serum သုံးပေးပါ

သဘာဝအတိုင်းမျက်တောင်ကို ထိန်းသိမ်းဖို့အတွက် Eyelash Serum ကိုလည်း သုံးပေးလို့ရပါသေးတယ်။