မျက်တောင်မွှေးရှည်ရှည်လေးကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်နော်။ ဒါ့ကြောင့် မျက်တောင်မွှေးရှည်ရှည်ရရှိစေမယ့်နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အရည်အသွေးမြင့်တဲ့ အလှကုန်ပစ္စည်းသုံးပါ

တချို့သူတွေဟာ ပိုက်ဆံချွေတာတဲ့အနေနဲ့ အရည်အသွေးနိမ့် အလှကုန်ပစ္စည်းတွေကိုပဲ ရွေးချယ်သုံးစွဲကြပါတယ်။ ဒါဟာ သင့်မျက်တောင်မွှေးအတွက် မကောင်းပါဘူး။ မျက်တောင်မွှေးကျွတ်တာမျိုးဖြစ်စေသလို မျက်ခွံယားယံတာ မျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် အရည်အသွေးမြင့်တဲ့အလှကုန်ပစ္စည်းသုံးပါ။

၂။ မျက်တောင်မွှေးကို Treatment လုပ်ပါ

သင့်ဆံကေသာလိုပါပဲ။ မျက်တောင်မွှေးဟာလည်း အာဟာရဓာတ်တွေလိုအပ်ပါတယ်။ ဒါ့ကြောင့်မျက်တောင်မွှေးကို Treatment လုပ်ပေးဖို့ လိုအပ်ပါတယ်။

အုန်းဆီ (သို့) ဗာဒံဆီနဲ့ မျက်တောင်မွှေးကို လိမ်းပေးတာမျိုးလုပ်နိုင်ပါတယ်။

၃။ နေ့စဉ်ပုံမှန် ဖြီးပေးပါ။

မျက်တောင်မွှေးရှည်စေဖို့အတွက် မျက်ခွံနားမှာ သွေးလည်ပတ်မှုကောင်းမွန်နေဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် မျက်တောင်ကော့တဲ့ brush အသန့်နဲ့ မျက်တောင်မွှေးကို ဖြီးပေးပါ။ ၂ မိနစ် ၃ မိနစ်လောက်ဖြီးပေးသင့်ပါတယ်။

၄။ မျက်တောင်ကော့တံကို ရှောင်ပါ

မျက်တောင်ကော့တံကို များများသုံးပေးခြင်းကနေ ရှောင်ကျဉ်ပါ။ မျက်တောင်ကော့တံဟာ သင့်မျက်တောင်မွှေးတွေကို ကျိုးပြတ်စေနိုင်ပါတယ်။

၅။ မိတ်ကပ်ကိုနေ့တိုင်းသေချာဖျက်ပါ

အပြင်ကနေပြန်လာတာနဲ့ မိတ်ကပ်တွေ Liner တွေ၊ Mascara တွေကို သေချာဖျက်ပေးရပါမယ်။ မဟုတ်ရင်တော့ သင့်အသားအရေအတွက်သာမက မျက်တောင်မွှေး မျက်ခုံးမွှေးအတွက်ပါ မကောင်းပါဘူး။

၆။ မီတာမင် E အဆီသုံးပါ

ဗီတာမင် E အဆီဟာ သင့်မျက်တောင်မွှေးတွေကို ရှည်စေနိုင်ပါတယ်။ ဒါ့ကြောင့် မီတာမင် E အဆီကို သုံးပေးပါ။ နေ့စဉ် ညအိပ်ယာဝင်ခါနီးတိုင်း သုံးပေးလို့ရပါတယ်။ မျက်တောင်မွှေးအမြစ်ကနေ အဖျားထိသေချာလိမ်းပေးပါ။