ဆံပင်နဲ့ပက်သတ်လာရင် လူအများစုကြုံနေရတဲ့ ပြဿနာက ဆံပင်ကျွတ်တာပါ။ ဆံပင်ကျွတ်ရတဲ့အကြောင်းရင်း များစွာရှိပါတယ် ။ အကြောင်းရင်းကို မြန်မြန်ရှာလေ၊ လိုချင်တဲ့ ရလဒ်တွေရဖို့ အခွင့်အလမ်း ပိုကောင်းလေပါပဲ။

နူးညံ့တဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။ ခေါင်းလျှော်ပြီးတိုင်း Moisturizing Conditioner သုံးပေးပါ။

ဆံပင်အခြောက်ခံတဲ့အခါ Dryer ရဲ့ အနိမ့်ဆုံး အပူချိန်ဆက်တင်ကို သုံးပါ။ ဖြစ်နိုင်ရင် Dryer ထက် ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပါ။

Styling Tools သုံးတဲ့အကြိမ်အရေအတွက်ကို လျှော့ပါ။ ဒီအရာတွေက ဆံပင်ကို အပူပေးပြီး အားနည်းသွားစေနိုင်ပါတယ်။

အဆီပူ ကုထုံးများကို ခနရပ်ထားပါ။ ဒီအရာတွေက ဆံသားကို အပူပေးပြီး ကျိုးလွယ်တဲ့ဆံသားတွေကို ပိုပျက်စီးစေပါတယ်။

အိမ်မှာ ကိုယ့်ဘာသာ ဆံပင်ဖြောင့်တာ ၊ ကောက်တာ ၊ ဆေးဆိုးတာမျိုး ရှောင်ပါ။ အလှပြင်ဆိုင်မှာ ကျွမ်းကျင်ပညာရှင်တွေရှိပါတယ်။ သူတို့နဲ့သေချာတိုင်ပင်ပြီးမှ လုပ်ပါ။

ဆံပင်ကို တင်းတင်းကျပ်ကျပ်မစည်းပါနဲ့။ ဆံပင်ကို တင်းနေအောင်စည်းတာက အချိန်ကြာလာတာနဲ့အမျှ ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။

တချို့က ဆံပင်ကို လက်နဲ့လိမ်ပြီး ဆွဲတဲ့အကျင့်ရှိတတ်ပါတယ်။ ဒီအကျင့်ကို ပြင်ပါ။ ဒါက ဆံပင်ကို အားနည်းစေပြီး ကျွတ်စေပါတယ်။

ခေါင်းဖြီးတဲ့အခါ ဖြည်းဖြည်းချင်းဖြီးပါ။ အတင်းဆွဲပြီးဖြီးတာက ဆံပင်ကို ပိုပြီးကျွတ်စေပါတယ်။

သင်က ဆေးလိပ်သောက်တတ်ရင် ဖြတ်လိုက်ပါ။ ဆေ၁းလိပ်သောက်တာက ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုကို ဖြစ်စေပြီး ဆံပင်ကျွတ်တာကို ပိုဆိုးစေနိုင်ပါတယ်။

ကျန်းမာရေးနဲ့အညီစားပါ။ သံဓာတ် သို့မဟုတ် ပရိုတင်းဓာတ်တို့လို အာဟာရဓာတ်ကို လုံလောက်စွာ မရရင်လည်း ဆံပင်ကျွတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။