Relationship တစ်ခုတည်ဆောက်ပြီဆိုရင် တည်မြဲအောင် ထိန်းသိမ်းချင်ကြတာပါပဲ။ ဒါပေမယ့် နှစ်ယောက်လုံး လုပ်နေတဲ့ပုံစံတွေမဟုတ်ရင်တော့ သေချာထိန်းသိမ်းနိုင်ဖို့ ခက်သလို ပျော်ရွှင်မှုလည်း အပြည့်အဝရမှာမဟုတ်ပါဘူး။ ဒါကြောင့် Relationship တစ်ခုကို သေချာထိန်းသိမ်းနိုင်မယ့် အရာတွေကို မျှဝေပေးလိုက်ပါတယ်။

ကောင်းတာဆိုးတာတွေကိုပြောပါ

တစ်ယောက်နဲ့တစ်ယောက် ကောင်းတာဆိုလည်းပြောပြ၊ ဆိုးတာဆိုလည်းပြောပြပြီး ပွင့်ပွင့်လင်းလင်းနေဖို့ လိုပါတယ်။ ဒါမှလည်း တစ်ယောက်စိတ်ကို တစ်ယောက် သိမှာပါ။

ယုံကြည်မှုတည်ဆောက်ပါ

Relationship တစ်ခုကို သေချာထိန်းသိမ်းနိုင်ဖို့ အလိုအပ်ဆုံးက ယုံကြည်မှုပါပဲ။ ဒါကြောင့် ယုံကြည်မှုကို တည်ဆောက်ပါ။ တစ်ယောက်နဲ့တစ်ယောက် သံသယတွေမများပဲ ယုံကြည်မှုသာရှိနေရင် စိတ်ပင်ပန်းရတာတွေလည်း လျော့နည်းသွားပါလိမ့်မယ်။

ရိုးသားပါ

တစ်ယောက်နဲ့တစ်ယောက် အရိုးသားဆုံးနေပါ။ ရိုးသားပါ။ လိမ်ညာတာတွေ၊ ဖောက်ပြန်တာတွေ မရှိပါစေနဲ့။ ဒါဆိုရင်ပဲ တစ်ဝက်လောက် အဆင်ပြေနေပါပြီ။

အတိတ်တွေထဲကထွက်ပါ

Relationship တစ်ခုကို ကြာရှည်ထိန်းသိမ်းချင်ရင် အတိတ်တွေကို မေ့ပစ်လိုက်ပါ။ ပြန်အစမဖော်ပါနဲ့။ အတိတ်ကို အတိတ်မှာမထားခဲ့နိုင်ပဲ ပြန်အစဖော်နေရင်တော့ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

သူငယ်ချင်းကောင်းအဖြစ်နဲ့လည်းရှိပေးပါ

ချစ်သူရည်းစားအဖြစ်နဲ့ပဲ မနေပါနဲ့။ သူငယ်ချင်းကောင်းအဖြစ်နဲ့လည်း ရှိပေးပါ။ ဒါမှ ပိုပြီး ပျော်စရာကောင်းမယ်။ စိတ်ချမ်းသာရမယ်။ ပိုပြီး သံယောဇဉ်တွေ ရှိလာပါလိမ့်မယ်။

ချစ်ကြောင်းပြပါ

ချစ်တယ်၊ သစ္စာမဖောက်ဘူးဆိုရုံနဲ့မရပါဘူး။ မချစ်ပြတတ်လို့လည်း မရပါဘူး။ ချစ်ကြောင်းပြရပါမယ်။ ဒါမှ တစ်ဖက်လူက သိမှာပါ။ ချစ်တော့ချစ်တယ် ထုတ်မပြတတ်ဘူးဆိုတာမျိုး မလုပ်ပါနဲ့။

ဂရုစိုက်ပါ

ချစ်တယ်၊ သစ္စာရှိတယ်ဆိုရုံနဲ့လည်း မပြီးပါဘူး။ ဂရုစိုက်ဖို့လိုပါသေးတယ်။ ဂရုစိုက်မှုမရှိရင် တစ်ဖက်လူက ပျော်ရွှင်မှာမဟုတ်သလို၊ ခဏခဏလည်း ရန်ဖြစ်စကားများရပါလိမ့်မယ်။ ဒါကြောင့် ချစ်ရင် ဂရုစိုက်ပြပါ။

photo source: www.pinterest.com