နှစ်တွေအကြာကြီးတွဲလာတဲ့စုံတွဲလေးတွေ တွေ့တိုင်းအားကျတယ်​ ငါလည်းသူတို့လိုဖြစ်ချင်လိုက်တာဆိုပြီး တွေးနေမိပြီလား။ စုံတွဲတိုင်းက နှစ်တွေအကြာကြီးတွဲပြီး အချစ်မလျော့တဲ့ Relationship ကိုပိုင်ဆိုင်ချင်ကြတဲ့သူတွေကြီးပါနော်။ ဒီလိုမျိုး နှစ်ရှည်လများ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေပေးပြီး လက်တွဲဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူတဲ့အချက်တွေပါနော်။ LDRS ပဲဖြစ်ဖြစ် နှစ်ယောက်အတူတူရှိတဲ့ Relationship ပဲဖြစ်ဖြစ် အဆိုးအကောင်းတွေကို အတူတူဖြတ်ကျော်ပြီး တစ်ယောက်လိုအပ်တဲ့အချိန် တစ်ယောက်အနားမှာ ရှိပေးနိုင်တာကလည်း Relationship တစ်ခုရဲ့ Key Point ဆိုလည်းမမှားပါဘူးနော်။ ဘယ်လောက်ပဲ အဆင်ပြေအောင် နေနေတစ်ယောက်ကိုတစ်ယောက် အချစ်တွေပေါ့လာပြီး သံယောဇာဥ်တွေ နည်းလာပြန်ရင်လည်း ဒီလူတစ်ယောက်နဲ့ ရေရှည်လက်တွဲဖို့ဆိုတာလည်း မဖြစ်နိုင်ပြန်ပါဘူးနော်။
ကဲဒီတော့ ကိုယ်ရဲ့လက်ရှိRelationship ကိုရေရှည်ခိုင်မြဲအောင် ဘယ်လိုအချက်လေးတွေနဲ့ ထိန်းသိမ်းသင့်သလဲဆိုတာ မျှဝေပေးချင်ပါတယ်။

စည်းထားပါ

ဒီအချက်ကိုတော့ Relationship ပြဿနာတွေရဲ့ဖြေရှင်းချက်တိုင်းမှာ ပြောလေ့ပြောထရှိပါတယ်။ လူတိုင်းမှာ ကိုယ့်Personal နဲ့ကိုယ်ရှိပါတယ်။ ချစ်သူရည်းစားဖြစ်လိုက်ပြီဆိုတာနဲ့ သူရဲ့အရာအားလုံးကို ပိုင်ဆိုင်သွားတာမျိုးမဟုတ်ပါဘူးနော်။ သူ့ရဲ့မိသားစုအရေး၊ လူမှုရေးတိုင်းမှာ ဝင်မပါသင့်ပါဘူးနော်။ သူ့စည်းနဲ့သူရှိသင့်ပါတယ်။ သူက ကိုယ့်ကိုယုံကြည်လို့ တိုင်ပင်တယ် ဆွေးနွေးတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။

လေးစားမှုရှိပါ

ကိုယ့်ချစ်သူက ကိုယ့်ထက်အသက်ငယ်တာပဲဖြစ်ဖြစ် အသက်ကြီးတာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိဖို့လိုအပ်ပါတယ်။ လေးစားမှုရှိမှလည်း ပြဿနာတစ်စုံတစ်ခုတက်လာရင်တောင် အခြေအနေကတည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြီးဆုံးသွားမှာပါ။ လေးစားမှုဆိုတာကလည်း ဟိုလိုမျိုးကြီး အတင်းလုပ်ယူခိုင်းတာကို ပြောတာမဟုတ်ပါဘူးနော်။ အရေးကြီးတဲ့ စကားပြောတာမျိုးဖြစ်ဖြစ် မထင်မဲ့မြင်ပြုနေတာမျိုး အရေးမပါတဲ့ပုံစံမျိုးတွေက မလုပ်သင့်ပါဘူးနော်။

ပွင့်လင်းမှုရှိပါ

တစ်ချို့  Relationship တွေက ပွင့်ပွင့်လင်းလင်းမရှိရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးဝေးသွားတတ်ကြပါတယ်။ အပေးအယူဆိုတာရှိပါတယ် သူနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လိုတွေခံစားနေရတာ မကျေနပ်တာတွေ ကြည့်မရတာတွေ ဖြစ်ချင်တာတွေကို ပွင့်ပွင့်လင်းလင်းပြောပါ။ ဆွေးနွေးပါ။ စိတ်ထဲမြုံထားလိုက်ရင် နှစ်ဖက်စလုံးအတွက် အဆင်မပြေနိုင်သလို နောက်ပိုင်းတွေမှာ ဘာမဟုတ်တဲ့အရာလေးတွေက ပြဿနာလေးတွေဖြစ်လာတတ်ကြပါတယ်။

Photo Source – Free.pik