ချစ်သူရှိလျက်နဲ့ အနေဝေးတာ၊ သူနဲ့ တစ်နေရာတည်းမှာ အတူမရှိနိုင်တာက ရင်နာဖို့ကောင်းပါတယ်။ ချစ်ရသူနဲ့ ကြင်နာယုယမှု အထိအတွေ့တွေကို လူတိုင်းလိုချင်ကြပါတယ်။ တစ်ခါတလေ အနေဝေးတာက သွေးအေးသွားစေပါတယ်။ သင်က သင့်ချစ်သူနဲ့ တစ်နေရာစီဖြစ်နေရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ LDRS ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အမြဲချစ်နေစေဖို့ ဒီအချက်တွေကိုလိုက်နာပေးပါနော်။

၁။ နည်းပညာဆက်သွယ်ရေး


အနေဝေးတာကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်မချဖြစ်မှာပါပဲ။ Facebook, Messenger, Viber စတဲ့ဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုပေးပါ။ သင်အပြင်သွားတဲ့အချိန်မှာလည်း သူ့ကို အသေးစိပ်ပြောပြသင့်ပါတယ်။ ကိုယ်သွားတဲ့နေရာတစ်ခုတည်းကိုပဲ အပေါ်ယံမပြောဘဲ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်လောက်ကြာမယ်စသဖြင့် အသေးစိပ်ပြောပေးပါ။

၂။ ဝေးနေတဲ့အချိန်မှာတောင် လုပ်ငန်းဆောင်တာတွေကို အတူတူလုပ်ပါ


တစ်နေရာတည်းမှာ အတူမရှိပေမယ့် လုပ်စရာတွေကို အတူတူဆောင်ရွက်နိုင်ပါတယ်။ ဥပမာ ဇာတ်လမ်းတစ်ခုကို Video Call နဲ့ နှစ်ယောက်အတူတူကြည့်နိုင်ပါတယ်။ လိုင်းပေါ်က ဂိမ်းတွေကို အတူတူဆော့နိုင်ပါတယ်။ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းတွေကို အချင်းချင်း စိန်ခေါ်ပြီး ကြိုးစားနိုင်ပါတယ်။

၃။ ကိုယ့်အချစ်ရေးအပေါ် ယုံကြည်မှုရှိပါ


တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုမရှိတာ၊ လုံခြုံမှုမရှိတာက အချစ်ရေးကို ထိခိုက်စေပါတယ်။ အနေဝေးတာက လမ်းခွဲဖို့ ပိုအခွင့်အရေးများစေပါတယ်။ ဒါကြောင့် အချင်းချင်း ယုံကြည်မှုရှိပေးပါ။

၄။ ချိန်းဆိုထားတဲ့အရာကို တိတိကျကျလုပ်ပါ


သူနဲ့ ဖုနး်ပြောမယ့်အချိန်အတိအကျကို မှတ်ထားပါ။ ဖုန်းပြောမယ့်အချိန် သင်က အားနေအောင် ကြိုလုပ်ပါ။ ဘယ်တော့မှ မပျက်ကွက်ပါစေနဲ့။

၅။ အချင်းချင်း စည်းကမ်းတွေ သတ်မှတ်ထားပါ


သင်မကြိုက်တဲ့အရာတွေကို သူ့ဆီမှာ ကြိုပြောထားပါ။ အချင်းချင်း ကြိုက်တဲ့အရာ၊ လုပ်စေချင်တဲ့အရာတွေကို စည်းကမ်းချမှတ်ထားပါ။ အချင်းချင်း ပွင့်ပွင့်လင်းလင်းရှိပါစေ။

Photo Source: Pinterest

By MyStyle Myanmar