သင်က တစ်ဦးတည်သော သမီးဖြစ်မယ် ဆိုရင် တစ်ခါတလေ အကိုဒါမှမဟုတ် အစ်မ တစ်ယောက်ကို လိုချင်ဖူးမှာပါ။ ကိုယ့်အထက် အကြီးတွေ ရှိမယ် ဆိုရင် အနည်းနဲ့ အများ အားကိုးလို့ရပါသေးတယ်။ ဒါ့အပြင် ကိုယ့်ကိုလည်း အမြင်မတော်ရင် ဆုံးမမယ့်သူ ရှိပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ အစ်မ မရှိတဲ့ ညီမလေးတွေအတွက် လက်တွေ့အသုံးဝင်စေမယ့် မမ တွေရဲ့ အကြံပေးချက်တွေကို ဖော်ပြပါရစေ။

၁။ ကိုယ့်ခံစားချက်တွေကို ထုတ်ပြမိတဲ့အချိန် မတောင်းပန်ပါနဲ့

သင်က လူတစ်ယောက်ကို သင့်ရင်ထဲက ခံစားချက်တွေကို ထုတ်ပြောပြီးတဲ့အချိန် နောက်က တောင်းပန်တဲ့ စကား လိုက်မလာသင့်ပါဘူး။ ကိုယ်ရင်ထဲက အရှိကို အရှိအတိုင်း ထုတ်ပြောတာက ဘယ်သူ့ကိုမှ အားနာစရာ မရှိပါဘူး။

၂။ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တဲ့အချိန်

သင့်သူငယ်ချင်းတွေနဲ့ ရန်ဖြစ်စကားများတာက အချိန် တစ်ခု ရောက်လာတဲ့အခါ ဘာမှမဟုတ်တော့ပါဘူး။ ဒါကြောင့် ဘယ်အရာမှ ကိစ္စအကြီးအကျယ်ဆိုတာ မရှိပါဘူး။ အရာရာဟာ တစ်ချိန်ချိန် ပြီးဆုံးသွားမှာပါပဲ။

၃။ လူတိုင်းက သင့်ကို သဘောမကျနိုင်ပါဘူး

လူတိုင်း သင့်ကို သဘောကျလာအောင် ကြိုးစားနေစရာမလိုပါဘူး။ သင် ဘယ်လောက်ကြိုးစားစား သင့်ကို အပြစ်မြင်တဲ့သူကတော့ အမြဲ ရှိမှာပါပဲ။ ဒါကြောင့် လူတွေ သဘောကျအောင် အတင်း လိုက်ကြိုးစားစရာမလိုပါဘူး။

၄။ မိတ်ကပ် အကြံပေးချက်

ညီမလေးတွေအတွက် မိတ်ကပ်အကြံပေးချက်အနေနဲ့ မိတ်ကပ်လိမ်းဖို့ အချိန်မရှိဘူးဆိုရင် Lip Gloss နဲ့ မျက်တောင်ကော့ဆေး Mascara ကို သုံးလိုက်ရုံနဲ့ အပြောင်းအလဲ ဖြစ်မှာပါ။

၅။ လူတစ်ယောက် ဝိတ်ကျသွားတဲ့အချိန်

သင့် မိတ်ဆွေတစ်ယောက်က ဝိတ်ကျသွားတဲ့အချိန် နောက်ခံ အကြောင်းအရင်းကို မသိဘဲ ပိန်သွားတယ်ဆိုပြီး ချီးကျူးဖို့ မသင့်ပါဘူး။

၆။ ချစ်သူရှာတဲ့အချိန်

ညီမလေးကို တကယ်ချစ်တဲ့သူက အားသာချက်ကို ချစ်တာ မဟုတ်ဘဲ ညီမလေးရဲ့ မကောင်းတဲ့ အကျင့်သေးသေးလေးတွေနဲ့ အပြစ်ကလေးတွေကိုပဲ ချစ်တတ်တာပါ။

၇။ သင့်ကို လူဆိုးလို့ တချို့လူတွေက ပြောလိမ့်မယ်

တချို့လူတွေက သင့်အပေါ် သူတို့ လုပ်ခဲ့တဲ့ မကောင်းတဲ့ အရာတွေအတွက် လျစ်လျူရှုပြီး သင့်ကိုပဲ လူဆိုးလို့ စွပ်စွဲကြပါလိမ့်မယ်။ ဘယ်သူ ဘယ်လိုပဲ ပြောပါစေ သင့်ကိုယ်သင် အသိဆုံးလူက သင်ကိုယ်တိုင်ဆိုတာ မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar