တော်တော်များများက ရည်းစားဖြစ်တာကြာလာပြီဆိုရင် အရင်လောက် မချစ်တော့သလိုခံစားရတာမျိုး၊ အရင်လောက် ဂရုမစိုက်တော့တာမျိုး၊ ရိုးသွားတာမျိုးတွေဖြစ်ပြီး ပြဿနာတွေခဏခဏဖြစ်ကြတယ်။ သိပ်အဆင်မပြေကြတော့တာမျိုးတွေ ဖြစ်လာကြပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ရည်းစားသက်တမ်းကြာလာပါစေ ရိုးမသွားပဲ အမြဲအဆင်ပြေနေအောင် သိထားဖို့လိုမယ့်အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

ရည်းစားဖြစ်တာကြာလာလေ နားလည်မှုရှိဖို့ ပိုပြီးလိုလာလေပါပဲ။ နားလည်မှုမရှိရင်တော့ အချစ်ရေးတစ်ခုက ဘယ်တော့မှအဆင်မပြေနိုင်ပါဘူး။ နားလည်မှုနဲ့တည်ဆောက်ထားတဲ့ အချစ်ရေးက ရေရှည်ခိုင်မြဲပါတယ်။

နောက်တစ်ခုကတော့ ယုံကြည်မှုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှ အရာရာအဆင်ပြေမှာပါ။ ယုံကြည်မှုရှိဖို့ဆိုတာကလည်း ကိုယ်တိုင်က ယုံကြည်အောင်နေမှ ဖြစ်မှာပေါ့။ တစ်ယောက်မကြိုက်တာကို တစ်ယောက်ကမလုပ်ပဲ အရိုးသားဆုံးနေပေးမယ်။ သစ္စာရှိပေးမယ်ဆိုရင် ယုံကြည်မှုဆိုတာ ဖြစ်လာမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိရင်၊ နားလည်မှုရှိရင် ပြဿနာခဏခဏမဖြစ်တော့ဘူး။ ပိုပြီးလည်း ပျော်ရွှင်လာရပါလိမ့်မယ်။

ပြဿနာတစ်ခုခုဖြစ်လာရင်၊ မကျေနပ်တာ၊ စိတ်ထဲမရှင်းတာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ပြီးရင် ဒီအတိုင်းမထားပဲ ဖြေရှင်းပါ။ ပြဿနာတစ်ခုဖြစ်လာတိုင်း မဖြေရှင်းပဲထားလိုက်ရင် ပိုဆိုးသွားပြီး မဖြစ်သင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သေချာဖြေရှင်းပြီး ပြန်ညှိုနှိုင်းယူပါ။

ပြင်ပြင်ဆင်ဆင်နေပါ။ ရည်းစားဖြစ်တာကြာပြီဆိုတော့ လှလှပပနေချင်စိတ်၊ ပြင်ပြင်ဆင်ဆင်နေချင်စိတ်လည်း မရှိတော့ဘူးဆိုပြီး မနေပါနဲ့။ ဘယ်တော့မှရိုးမသွားဖို့ ကိုယ်တိုင်ကလည်း လှလှပပ၊ ပြင်ပြင်ဆင်ဆင်လေးနေပေးရင် ပိုကောင်းပါတယ်။