ဆံပင်နဲ့ပတ်သက်ပြီးဖြစ်တဲ့ပြဿနာက ဘာလဲလို့ တော်တော်များများကိုမေးရင် အများစုဖြေတာက ဆံပင်ကျွတ်တာပါ။ ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပါစေ ဆံပင်ကျွတ်တဲ့ပြဿနာကို ရင်ဆိုင်နေရပြီဆိုရင် ဆံပင်ကျွတ်သက်သာဖို့နဲ့ ကျွတ်သွားတဲ့ဆံပင်တွေ ပြန်ပေါက်ဖို့ ဒီအချက်တွေကို မဖြစ်မနေလုပ်ပေးပါ။

1. စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုများလွန်းရင် ပုံမှန်ထက် ဆံပင်ပိုကျွတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ထိန်းနိုင်ဖို့နဲ့ လျော့ချဖို့ ကိုယ်သဘောကျတဲ့အရာတွေ ရွေးလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို မျှတအောင်စားပါ။ များများအိပ်ပါ။ အကောင်းမြင်တတ်အောင် ကျင့်ပါ။

2. အစားအသောက်ပြောင်းပါ

ကိုယ်စားတဲ့အစာက အာဟာရမပြည့်ရင်လည်း ဆံပင်ကျွတ်နို်င်ပါတယ်။ ဥပမာ၊ ဆံပင်ကျွတ်တာက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ လက္ခဏာတစ်ခုဖြစ်တာမလို့ သံဓာတ်အလုံအလောက်ဖြစ်အောင် စားပေးဖို့လိုပါတယ်။

3. Supplements သောက်ပါ

ဆံပင်အတွက် သီးသန့်ထုတ်ထားတဲ့ သဘာဝဖြည့်စွက်ဆေး ဥပမာ ဘိုင်အိုတင်နဲ့ ဖောလစ်အက်ဆစ် စတဲ့ ဖြည့်စွက်စာတွေက သာမာန်ဆံပင်ကျွတ်ခြင်းများကို သက်သာစေပါတယ်။

4. Essential Oil သုံးပါ

Pumpkin seed, Rosemary, or Tea Tree Oil စတဲ့ Essential Oil တွေနဲ့ ညအိပ်ခါနီး ဦးရေပြားကိုနှိပ်ပေးရင် ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။

5. ဆံပင်ကို ညင်ညင်သာသာလုပ်ပါ

ဆံပင်စည်းတဲ့အခါ တင်းနေအောင် စည်းတာမျိုး ၊ ကျစ်ဆံမြီးကျစ်တာ ၊ ထုံးတာတွေက ဆံပင်ကိုပျက်စီးစေပြီး ဆံပင်ကို ပိုကျွတ်စေပါတယ်။ ဒါ့အပြင် ခေါင်းဖြီးတဲ့အခါမှာလည်း အတင်းမဖြီးဘဲ ဖြည်းဖြည်းချင်း ဖြီးပေးပါ။

6. ဆေးမဆိုးပါနဲ့

ဆံပင်ကို အရောင်ဆိုးတာက ဆံပင်ကိုပျက်စီးစေပြီး ဆံပင်ကျွတ်တာကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် ဆံပင်ကို အရောင်ချွတ်တာက ပိုပြီးထိလွယ်ရှလွယ်ဖြစ်စေတာမလို့ ဆံသားကို ကြွပ်ဆတ်ခြောက်သွေ့ကာ အားနည်းစေပါတယ်။