လူတိုင်းမှာတော့ Bad Mood တွေဖြစ်နေတဲ့အချိန်ဆိုတာ ရှိတတ်စမြဲပါပဲ့။ အဲ့ဒီလိုအချိန်မှာဆို ဘာလုပ်လုပ် အဆင်မပြေသလိုဖြစ်နေပြီး စိတ်လည်း လုံးဝမကြည်တော့ဘူး။ အရာရာကိုအဆိုတွေးမြင်နေပြီး စိတ်ဓာတ်ကျတာမျိုး၊ စိတ်တိုတာမျိုး၊ အလိုမကျတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာရှိနေတဲ့ Bad Mood တွေကို အမြန်ဆုံးပျောက်သွားအောင် လုပ်ပေးနိုင်မယ့်အရာတွေကို ပြောပြပေးချင်ပါတယ်။

အစားအသောက်များများစားပေးပါ

အစားသောက်များများစားလိုက်တာက ဒေါသတွေ၊ စိတ်ညစ်စရာတွေကို မေ့ပျောက်အောင်လုပ်ပေးနိုင်ပြီး Bad Mood တွေလည်း မြန်မြန်လျော့သွားစေပါတယ်။

သီချင်းဆိုပါ၊ ကခုန်ပါ

စိတ်လွတ်ကိုယ်လွတ်နဲ့ ဘာမှမတွေးပဲ သီချင်းတွေအော်ဆိုပြီး ကခုန်နေလိုက်ပါ။ ဒါကလည်း သင့်ရဲ့ Bad Mood တွေကို လျော့သွားစေမယ့် နည်းလမ်းတစ်မျိုးပါပဲ။

Exercise လုပ်ပေးပါ

Exercise လုပ်ပေးခြင်းကြောင့် စိတ်ကြည်လင်လာစေတယ်။ လန်းဆန်းတက်ကြွလာစေပါတယ်။

အရာရာကို Positive ဘက်ကနေ ပြောင်းတွေးပေးပါ

ကိုယ့်မှာရှိနေတဲ့ Bad Mood တွေပျောက်ဖို့ အရေးကြီးတာကတော့ ကိုယ်တိုင်က အရာရာကို Positive ဘက်က တွေးပေးဖို့လိုပါတယ်။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေတာ အမှန်ပါပဲ။ Bad Mood တွေကိုလည်း အမြန်ဆုံးပျောက်သွားစေတယ်။

Social Media ကနေ ခဏလောက်ပျောက်လိုက်ပါ

Social Media ကြောင့်ဖြစ်လာရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက စိတ်ပိုင်းဆိုင်ရာကို အရမ်းထိခိုက်ပါတယ်။ ဒါကြောင့် Social Media ကနေ ခဏလောက်ပျောက်လိုက်ပါ။ သင့်စိတ်လည်းအဆင်ပြေပြီး Bad Mood တွေလည်း သိသိသာသာကို လျော့သွားပါလိမ့်မယ်။