မင်္ဂလာပါ….. ပျိုမဒီတို့ရေ…. မေမေ ဘွားဘွားတို့တွေရဲ့ ဆံပင်လေးတွေဖြူလာတဲ့အခါ အရောင်လေးတွေဆိုးပေးကြလားရှင့် ? ဆံပင်အဖြူတွေဆေးဆိုးတာက မကြာမကြာ ဆိုးရတာဆိုတော့ အမြဲဆိုင်မှာဆိုးတဲ့အခါ ငွေကုန်ကြေးကျက များလွန်းပါတယ်နော်။ အိမ်မှာဆိုးတဲ့အခါ အချိန်ကုန်လည်းသက်သာပြီး ငွေကုန်ကျေးကျလည်း နည်းတာကြောင့် အိမ်မှာဆိုးမယ့်လူတွေအတွက် သတိထားရမယ့်အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

အရောင်သေချာရွေးပါ

ဆံပင်အဖြူတွေက သဘာဝအဆီနည်းတာကြောင့် ပင်ကိုယ်ဆံပင်အမဲတွေထက် ပိုကြမ်းပြီး ခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် ဆံပင်အရောင်ဆိုးဖို့ ရွေးတဲ့အခါ ပင်ကိုယ်ဆံပင် ကာလာနဲ့ အနီးစပ်ဆုံးအရောင်ကို သေချာရွေးပါ။

ကြမ်းပြင်နဲ့ဘေးပတ်ဝန်းကျင်ကိုကာပါ

အိမ်မှာဆေးဆိုးတဲ့အခါ ဆိုးဆေးတွေက ကြမ်းပြင်နဲ့ ခုံတွေကို ပေတတ်တာကြောင့် ကြမ်းပြင်နဲ့ဘေးကအရာတွေကို အုပ်ဖို့ ပလပ်စတစ် သို့ အဝတ်ဟောင်းကိုသုံးပြီး အရင် အုပ်ထားလို်က်ပါ။ ဆိုးတဲ့အခါ လည်ပင်းနဲ့ အဝတ်တွေကိုမပေစေဖို့ ပုဝါအဟောင်းတထည်သုံးလို့ရပါသေးတယ်။

ဆေးကိုနှစ်ခါခွဲသုံးပါ

ဆေးဆိုးတဲ့အခါ ဆိုးဆေးအများစုက ဘူးမှာပါတဲ့ဆေးကို တခါတည်းအကုန်သုံးဖို့ ရေးထားတတ်ပါတယ်။ ဒါပေမယ့် ဆိုးရမယ့်ဆံပင်က နည်းနေရင် ဒါမှမဟုတ် ဆံသားကောင်းတယ် ဆိုရင် တစ်ဘူးလုံးကို တစ်ခါတည်းသုံးဖို့ မလိုပါဘူး။ လိုသလောက်သုံးပြီး ပုလင်းတစ်ဝက်စီကို သီးသန့်ခွဲပြီး နောက်တစ်ခေါက်ထပ်သုံးဖို့ သိမ်းထားလိုက်ပါ။ ဘူးကို နှစ်ခါခွဲသုံးလို့ရတာကြောင့် အကုန်အကျလည်းသက်သာပါတယ်။

သတ်မှတ်တဲ့အချိန်တိုင်းလိုက်နာပါ

ဆံပင်ဆေးဆိုးတဲ့အခါ ဆေးဘူးကို နှစ်ခါခွဲသုံးတာကလွဲပြီး ဆေးဆိုးဘူးမှာပါတဲ့ ကျန်တဲ့ညွှန်ကြားချက်တိုင်း လိုက်နာသင့်ပါတယ်။ ဆေးဆိုးပြီးတဲ့အခါ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိအကျထားပေးပါ။

မျက်ခုံးအရောင်နဲ့ညီပါစေ

ဆံပင်ကို အရောင်ဆိုးပြီးရင် ကျန်နေတဲ့ဆိုးဆေးကို ရေနွေးနွေးလေးတစ်စက်လောက်ထည့်ပြီး မျက်ခုံးပေါ်လိမ်းပေးပါ။ ဒါမှ မျက်ခုံးအရောင်နဲ့ ဆံပင်အရောင်နဲ့လိုက်ဖက်ပြီး လှနေမှာပါ။

Source: bestlifeonline