တချို့မိန်းကလေးတွေက တင်ပါးကြီးတာကြောင့် အဝတ်အစားဝတ်တဲ့အခါ ယုံကြည်မှုနည်းနေတတ်ကြပါတယ်။ ဒီလိုမျိုး လုံးကြီးပေါက်လှခန္ဓာကိုယ် ခါးနဲ့ တင်ပါးကိုပိုင်ဆိုင်ထားတဲ့ပျိုမဒီတွေအတွက် ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို စွဲမက်ဖွယ်ကောင်းအောင် ဖြစ်စေဖို့ အဝတ်အစားဝတ်တဲ့အခါ ဒီအချက်တွေကို သတိထားပြီးဝတ်ကြည့်ပါ။

Fabrics များကိုရွေးဝတ်ပါ

အဝတ်အစားရွေးချယ်တဲ့အခါ fabrics ၊ သိုးမွှေးဆွဲသားစတဲ့ အသားမျိုးရွေးဝတ်တာက ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပါတယ်။

ခါးကိုအဓိကထားပြီးဝတ်ပါ

ခါးအမြင့်ဘောင်းဘီတွေ ၊ ဘောင်းဘီထဲအင်္ကျီထည့်ဝတ်မျိုးတွေက သင့်ရဲ့ခါးကို ပိုပေါ်လွင်စေပါတယ်။

အရောင်ရင့်တာရွေးပါ

ဝတ်ဖို့ရွေးတဲ့အခါ အောက်ပိုင်းကို ရိုးရိုးရှင်းရှင်းဝတ်ပြီး အရောင်က အပေါ်ထက် ပိုရင့်တာမျိုးရွေးပါ။

ဒေါက်ဖိနပ်

ဒေါက်ဖိနပ်စီးတာက တင်ပါးကို မြှင့်တင်ပေးတာကြောင့် တင်ပါးက ပိုကြွပြီး တင်းမာနေပုံပေါ်ပါတယ်။ ဒေါက်ဖိနပ်တွေက ခန္ဓာကိုယ်ကို ရှည်လျားပြီး ပါးလျတဲ့အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

Pencil Skirts

ဘယ်သူဘာပဲပြောပြော ခဲတံစကတ်က တင်ပါးကြီးတဲ့လူတွေအတွက် ကောင်းပါတယ်။

အသေးစိတ်ပြင်ပါ

အသေးစိတ်ကို ပိုအာရုံစိုက်လေ၊ ရလဒ်က ပိုကောင်းသွားလေပါပဲ။ ခြေသလုံးတွေကို ရှည်စေဖို့ ဒေါက်ချွန်ပြီးသေးတဲ့ဖိနပ်များကို ရွေးချယ်ပါ။ လက်စွပ်သေးသေးလေးတွေ ဝတ်မယ့်အစား
Elegant ဖြစ်တဲ့ Jewelry များကို ရွေးချယ်ပါ။