မင်္ဂလာပါ… ပျိုမဒီတို့ရေ… ဖိနပ်ဆိုတာ မိန်းကလေးတွေရဲ့ အသည်းစွဲတစ်ခုပါဘဲနော်။ အိမ်မှာ ဖိနပ်တွေ ဘယ်လောက်ဘဲရှိရှိ Shopping ထွက်တဲ့အချိန် ဖိနပ်လှလှလေးတွေ တွေ့တိုင်း မဝယ်ဖြစ်ရင်တောင် အနည်းဆုံးတော့ ခဏစီးကြည့်တာဘဲမဟုတ်လား? ဒါပေမယ့် ဖိနပ်ဆိုတာ လှတာလေးတစ်ခုတည်းနဲ့တော့ ဝယ်လို့ မဖြစ်သေးဘူးလေနော်။ စီးတဲ့အခါ သက်တောင့်သက်သာရှိဖို့နဲ့ ပေါ့ပေါ့ပါးပါးရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ဖိနပ်ကောင်းကောင်းက သင့်ကို အကောင်းဆုံးခံစားမှုရစေပြီး ဒဏ်ရာမရအောင် ကူညီပေးနိုင်တာမလို့ ဖိနပ်ဝယ်တဲ့အခါ ဘယ်လိုအချက်တွေကို အဓိကထားပြီး ဝယ်သင့်လဲဆိုတာ ဝေမျှပေးလိုက်ပါတယ်နော်။

Foundation ကောင်းတာကိုရွေးပါ

တကယ်တော့ ဖိနပ်ဆိုတာ အိမ်တအိမ်လိုပါဘဲနော်။ အခြေခံမခိုင်တဲ့အိမ်က စိတ်မချရသလို အောက်ခြေမကောင်းတဲ့ ဖိနပ်တွေကလည်း လူကိုဟန်ချက်မညီဘဲ ချော်လဲတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အောက်ခြေခိုင်တဲ့ ဖိနပ်တွေကို ရွေးသင့်ပါတယ်။

သက်တောင့်သက်သာရှိတာကိုရွေးပါ

ဖိနပ်က သင်အကြိုက်ဆုံးအရောင်မို့ ဒါမှမဟုတ် ဈေးလျှော့ရောင်းနေတာမို့ တို့ဆိုရင်တော့ မဝယ်ပါနဲ့။ စီးလိုက်တဲ့အခါ သက်တောင့်သက်သာရှိစေမယ့် အဆင်ပြေဆုံးတစ်ခုကိုဘဲ ဝယ်သင့်ပါတယ်။ ခြေထောက်အရွယ်အစားက အချိန်ကြာတာနဲ့အမျှ ပြောင်းလဲနေတာကြောင့်  အနည်းဆုံး နှစ်နှစ်တစ်ခါ သုံးနှစ်တစ်ခါလောက်  ပြန်တိုင်းသင့်ပါတယ်။

ဟောင်းနေတဲ့ဖိနပ်တွေကိုလဲပေးပါ

ဖိနပ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အောက်ခြေတွေဟာ အရင်ကလောက် မကောင်းတော့ပါဘူး။ ဒါကြောင့် ဖိနပ်တွေဟောင်းသွားတဲ့အခါ အသစ်လဲပေးသင့်ပါတယ်။ ဒါက တံဆိပ်အသစ်တွေ စတိုင်အသစ်တွေကို စမ်းဖို့အတွက် အခွင့်အရေးတစ်ခုပါဘဲ။

အတက်နိုင်ဆုံးဒေါက်မြင့်ဖိနပ်ကိုရှောင်ပါ

High Heels တွေကို အချိန်အကြာကြီးစီးတဲ့အခါ High Heels တွေက ခန္ဓာကိုယ်ကို ဖိစီးမှုဖြစ်စေတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် High Heels တွေဟာ မိန်းကလေး တွေရဲ့ အသည်းကျော်တွေမလို့ မစီးဖို့တော့ တားလို့ရမယ်မထင်ပါဘူး။ ဒါကြောင့် High Heels ကိုမှ စီးချင်ပါတယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက ခန်းမထဲကိုမဝင်ခင် လမ်းလျှောက်ဖိနပ်တွေစီးထားပြီး  ဝင်ခါနီးမှ ဒေါက်ဖိနပ်ကို ပြောင်းစီးလိုက်ပါ။

နာကျင်နေတဲ့အခါ အကူအညီယူပါ

သင့်ခြေထောက်နဲ့မကိုက်တဲ့ ဖိနပ်တွေကို စီးမိရင် ခြေသလုံးတွေသာမက ခြေသလုံး၊ ဒူး၊ တင်ပါးနှင့် နောက်ကျောတို့မှာလည်း နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင်တော့ အရင်ဆုံးဖိနပ်ကို သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်နဲ့လဲစီးလိုက်ပါ။ ဒါတောင်မှာ မသက်သာသေးဘူး နာနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။