Bra က မိန်းကလေးတွေအတွက် အရေးကြီးပါတယ်နော်။ ဝတ်လို့အဆင်မပြေတဲ့ Bra တွေကို ဝတ်ရတဲ့အချိန်က တကယ်ကို သက်တောင့်သက်သာမရှိပါဘူးနော်။ ကိုယ်နဲ့ကိုက်တဲ့ Bra ကို ဝတ်ထားရရင် နေရတာ သက်တောင့်သက်သာရှိစေရုံသာမက သင့်ရဲ့ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် Bra ဝယ်တော့မယ်ဆိုရင် ဒီအချက်တွေကို ဂရုစိုက်ပါ။

သေချာတိုင်းပါ

ကိုယ့်ခန္ဓာကိုယ်က အချိန်နဲ့အမျှပြောင်းလဲနေနိုင်တာမလို့ Bra အသစ်ဝယ်တော့မယ်ဆိုရင် သင့်အရွယ်အစားအတိအကျကို သေချာသိဖို့လိုပါတယ်။ ဒါမှ လက်ရှိပုံစံနဲ့ကိုက်ပြီး ပြီးပြည့်စုံတဲ့ Bra ကို ဝယ်နိုင်မှာပါ။

အထည်ရေများများဝယ်ပါ

အထည်ရေနည်းနည်းလေးကို ခနခနဝတ်တာက ဘရာစီယာတွေရဲ့ သက်တမ်းကို တိုစေပါတယ်။ ဒါ့အပြင် အထည်ရေများတာက ဝတ်စုံအမျိုးမျိုးနဲ့ လိုက်ဖက်ဖို့လည်း ရွေးချယ်စရာပိုစေပါတယ်။

အရည်အသွေးကိုသေချာရွေးပါ

ဝယ်တဲ့အခါ အလှတွေထက် အရည်အသွေးကို ဦးစားပေးဝယ်ပါ။ အရည်အသွေးမြင့်တဲ့ Bra တွေက ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့အပြင် ကြာရှည်ခံတာမလို့ ရေရှည်မှာလည်း တွက်ခြေကိုက်ပါတယ်။

အဆင်မပြေတာသိအောင်လုပ်ပါ

Bra ဝတ်တဲ့အခါ ကြိုးတွေကလည်း မသက်မသာဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။ လက်ရှိဝတ်နေတဲ့ Bra က တင်းလွန်းတာ လျော့လွန်းတာမျိုးဖြစ်နေရင် တခြားစတိုင်လ်တစ်ခုကို စမ်းကြည့်ပါ။