Relationship တစ်ခုကို ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိနေရက်နဲ့တောင် ပြတ်တောက်သွားတဲ့ဆက်ဆံရေးမျိုးတွေကိုလည်း သင်တွေ့ဖူးကြုံဖူးကြမှာပါ။ ဒါကြောင့် ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့Relationshipတစ်ခုကို ကြာရှည်တည်မြဲအောင် တည်ဆောက်ချင်တယ်ဆိုရင် သစ္စာရှိခြင်းအပြင် ဒီအရာလေးတွေကို နှစ်ဦးစလုံး လိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်နော်။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ

Relationship တစ်ခုမှာ ဒုတိယအရေးအကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ပါပဲ။ နားလည်မှုမရှိရင် ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲ သစ္စာရှိရှိ အဆင်မပြေပါဘူး။ ခဏခဏ ပြဿနာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် နှစ်ယောက်လုံး နားလည်မှုရှိအောင် ကြိုးစားရပါမယ်။

ကိုယ့်ချစ်သူကို အချိန်ပေးပါ

နှစ်ယောက်လုံးက ကိုယ့်ချစ်သူကို ပြန်ပြီး အချိန်ပေးပါ။ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပြီး အတူတူကုန်ဆုံးပါ။ အချိန်မပေးနိုင်လို့၊ တွဲရတာ စိတ်ကုန်လာပြီး ပြတ်သွားကြတဲ့အတွဲတွေ အများကြီးှရှိပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များများ အချိန်တော့ပေးနိုင်အောင် ကြိုးစားပါ။

ဂရုစိုက်ပါ

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုကို လိုချင်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် သေးသေးလေးတွေကအစ အပြန်အလှန်ဂရုစိုက်ပေးပါ။ ကြင်နာပေးပါ။ ဒီလိုအမြဲ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ကြင်နာရင် ကြည်နူးစရာကောင်းတဲ့ Relationship တစ်ခုဖြစ်လာမှာပါ။

အမှတ်တရတွေဖန်တီးပါ

အမှတ်တရလေးတွေ များများဖန်တီးပေးပါ။ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကို နှစ်ယောက်တူတူ ဖန်တီးပါ။ ပျော်စရာအမှတ်တရတွေများလေ မေ့ပစ်ဖို့ ခက်ခဲလေပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့စုံတွဲတွေဆိုရင် ပျော်စရာအမှတ်တရလေးတွေကို များများလုပ်ပါ။