Relationship တစ်ခုကို သေချာတည်ဆောက်တော့မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့ကတော့ အရေးအကြီးဆုံးအချက်ပါပဲ။ ဒါပေမယ့် တချို့အကြောင်းအရာတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိနေရက်နဲ့တောင် လမ်းခွဲအဆုံးသတ်သွားရတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ Relationship ကို ကြာရှည်တည်မြဲအောင် ဒီအချက်လေးတွေကိုလည်း နှစ်ယောက်စလုံး လုပ်ပေးဖို့လိုပါတယ်နော်။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ

Relationship တစ်ခုမှာ ဒုတိယအရေးအကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ပါပဲ။ နားလည်မှုမရှိရင် ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲ သစ္စာရှိရှိ အဆင်မပြေပါဘူး။ ခဏခဏ ပြဿနာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် နှစ်ယောက်စလုံး အပြန်အလှန်နားလည်မှုရှိအောင် ကြိုးစားရယူကြပါ။

ကိုယ့်ချစ်သူကို အချိန်ပေးပါ

ဘယ်လိုပဲ့ အလုပ်များပါစေ ကိုယ့်ချစ်သူကို ပြန်ပြီး အချိန်ပေးနိုင်အောင် ကြိုးစားပါ။ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပြီး အတူတူကုန်ဆုံးပါ။ အချိန်မပေးနိုင်လို့၊ တွဲရတာ စိတ်ကုန်လာပြီး ပြတ်သွားကြတဲ့အတွဲတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များများ အချိန်တော့ပေးနိုင်အောင် ကြိုးစားပါ။

ဂရုစိုက်ပါ

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုကိုတော့ လိုချင်ကြတာချည်းပါပဲ့နော်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် သေးသေးလေးတွေကအစ အပြန်အလှန်ဂရုစိုက်ပေးပါ။ ကြင်နာပေးပါ။ ဒီလိုအမြဲ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ကြင်နာရင် ကြည်နူးစရာကောင်းတဲ့ Relationship တစ်ခုဖြစ်လာမှာပါ။

အမှတ်တရတွေဖန်တီးပါ

အမှတ်တရတွေ များများဖန်တီးပါ။ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကို နှစ်ယောက်တူတူ ဖန်တီးပါ။ ပျော်စရာအမှတ်တရတွေများလေ မေ့ပစ်ဖို့ ခက်ခဲလေပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့စုံတွဲတွေဆိုရင် ပျော်စရာအမှတ်တရလေးတွေကို များများလုပ်ပါ။