မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းစရာမလိုဘဲ လှနေဖို့ဆိုရင်တော့ အသားအရေကောင်းဖို့လိုပါတယ်။ ဒါ့အပြင် ဆံကေသာအလှလည်းအရေးပါလှပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်လှဖို့လည်းလိုပါတယ်။ စိတ်ရဲ့အလှတရားဟာ အပြင်ပိုင်း သင့်ရဲ့ ရုပ်ရည်ပေါ်မှာလည်း ထင်ဟပ်မှုရှိပါတယ်။

ဒီတခါမှာတော့ မိတ်ကပ်မပါဘဲ အမြဲတမ်းလှနေစေဖို့ နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်နော်။

ကြေးချွတ်ပါ

သင့်အသားအရေပေါ်က အညစ်အကြေးတွေ၊ ဆဲလ်သေတွေဖယ်ရှားပေးဖိုပအတွက် ကော်ဖီမှုန့်ကြမ်း၊ သကြားနဲ့ အုန်းဆီရောပြီး မျက်နှာကို သေချာလေး ပွတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

နေလောင်ကာခရင်မ်လိမ်းပါ

အပြင်သွားတဲ့အခါ နေလောင်ကာခရင်မ် လိမ်းပေးပါ။

မျက်နှာကိုသေချာလေးနှိပ်နယ်ပေးပါ

မျက်နှာမှာ အုန်းဆီ (သို့) Moisturizer တစ်ခုခုလိမ်းပြီး သေချာလေး နှိပ်နယ်ပေးပါ။ အခုလို ခပ်ဖွဖွလေးနှိပ်နယ်ပေးတာဟာ စိတ်ဖိစီးမှုကိုသက်သာစေသလို အသားအရေကို နုပျိုစေပါတယ်။

သင်နဲ့ Fitting ကျတဲ့ အဝတ်အစားတွေဝတ်ပါ

သင့်ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်ပြီး သင်နဲ့ Fitting ကျတဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ။ သင့်ရဲ့ သွင်ပြင်အတွက် အဝတ်အစားကလည်း အရေးပါပါတယ်။

ဆံပင်ကိုပုံမှန်ညှပ်ပါ

ဆံပင်ကို ၂ လတစ်ခါ၊ ၃ လတစ်ခါလောက် ပုံမှန်ညှပ်ပေးပါ။ အဲဒီလိုညှပ်တာဟာ ဆံပင်အဖျားလေးတွေကို သက်သာစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ


ပြင်းပြင်းထန်ထန်လုပ်ဖို့မလိုပါဘူး။ အိမ်မှာပဲ ပေါ့ပေါ့ပါးပါး လုပ်နိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေး သွေးလည်ပတ်မှုကောင်းမွန်စေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

ပြုံးပါ

လူတစ်ယောက်ကိုတွေ့တဲ့အခါ ဟန်ဆောင်မှုမပါဘဲ ပြုံးပါ။ အရိုးသားဆုံးပြုံးလိုက်ပါ။ သွားလေးတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

စိတ်ဖိစီးမှုလျှော့ချပါ

သင့်ရဲ့ စိတ်ဖိစီးမှုတွေဟာ သင့်အသားအရေကို ညစ်နွမ်းစေပါတယ်။ ဒါ့အပြင် ဝိတ်လည်းတက်စေပါတယ်။ ဒါ့ကြောင့် တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာတွေဟာ စိတ်ဖိစီးမှုကိုလျှော့ကျစေပါတယ်။

ရေများများသောက်ပါ

အသားအရေလှဖို့ ရေဓာတ်ပြည့်ဝနေဖို့လိုပါတယ်။ ရေများများသောက်ပါ။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်မှ ၁၀ ခွက်အထိသောက်နိုင်ပါတယ်။

အာဟာရပြည့်ဝအောင်စားပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို သေချာရွေးချယ်ပြီးစားပေးပါ။ Omega 3 Fatty Acids ပါတဲ့ အစားအစာတွေ၊ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုစားပေးပါ။

Green Tea သောက်ပါ

Green Tea ကို တစ်နေ့ ၂ ခွက်လောက်သောက်ပေးပါ။ Green Tea ဟာ Antioxidant တွေပါဝင်လို့ ဆဲလ်တွေပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုလက်စထရောပါဝင်မှုလျော့နည်းပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

အိပ်ရေးဝဝအိပ်ပါ

သင့်ရဲ့အလှအတွက် အိပ်ရေးဝဝအိပ်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝမှ မျက်လုံးလည်းမဖောင်းသလို အသားအရေလည်း လှပါတယ်နော်။