မျက်နှာသွယ်တဲ့ V Shape Figure က ပျိုမေတွေကြား Beauty Standard တစ်ခု ဖြစ်လို့လာပါပြီ​။ ဘာလို့လဲဆိုတော့ မျက်နှာသွယ်တဲ့အခါ ကိုယ့်အလှကို ပိုမြင်ရစေတဲ့အပြင် ဆံပင်ပုံစံ အမျိုးမျိုးနဲ့လည်း လိုက်ဖက်လို့ပါ။ V Shape ပုံစံကို ပိုင်ဆိုင်ဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ မျက်နှာအဆီကျကာ V Shape ပုံစံ မေးရိုးသွယ်သွယ်ကို သဘာဝအတိုင်း ပိုင်ဆိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ သင့်စားသောက်ပုံကို ပြောင်းလဲပါ

မျက်နှာသွယ်ဖို့အတွက် ဝိတ်ကျဖို့ လိုအပ်ပါတယ်​။ ဝိတ်ကျဖို့အတွက် အစားအသောက်ကို လျှော့စရာမလိုဘဲ ကိုယ်စားတဲ့ အစားအသောက်ထဲမှာ အသီးအရွက်ကိုသာ များများစားတာမျိုး လုပ်ကြည့်သင့်ပါတယ်။

၂။ Face Exercise တွေက တကယ်တော့ သိသာတဲ့ ရလဒ်ကို မပေးနိုင်ပါဘူး

ဗိုက်အဆီချရင်တောင် ဗိုက်အဆီ ကျမကျ မမြင်ရပါဘူး​။ ကိုယ့်ခါးကို တိုင်းကြည့်လိုက်မှ ဗိုက်အဆီကျသွားတာကို သိနိုင်ပါတယ်။ မျက်နှာ အဆီကလည်း ဒီလိုပါပဲ။ ကျမှန်းမသိ ကျနေတာပါ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ရင် သိသိသာသာ ကျလာမယ်လို့ မယုံကြည်ထားသင့်ပါဘူး။

၃။ Mew လုပ်တတ်အောင်ကျင့်ပါ

Mew လုပ်တယ်ဆိုတာက သင့်လျှာ နေရာကို မှန်ကန်အောင် ထားတာပါ။ သင့်လျှာနေရာက အပေါ်အာခေါင်အောက် ကပ်ပြီးရှိနေဖို့ လိုပါမယ်။ ပြုလုပ်ပုံကို YouTube Video တွေနဲ့ လေ့ကျင့်နိုင်ပါတယ်။

၄။ ပီကယ်ဝါးပါ

ပီကယ်ဝါးတာက တချို့အတွက် မေးရိုးသွယ်စေမယ့် တချို့အတွက်တော့ ဘယ်လောက်ဝါးဝါး မထူးခြားပါဘူး။ ဒါပေမဲ့ Try ကြည့်တာကတော့ မမှားပါဘူး။

၅။ ဝိတ်ချပါ

ဝိတ်ကျတာနဲ့အတူ မျက်နှာအဆီကလည်း အတူလိုက်ကျတာမို့ ဝိတ်ကျအောင် ကြိုးစားသင့်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့အတွက် Cardio လေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်ပါတယ်။ ပြေးတာ၊ ကြိုးခုန်တာ စတာတွေက Cardio လေ့ကျင့်ခန်းတွေပါ။

၆။ ရေများများသောက်ပါ

​ရေများများ သောက်သင့်တဲ့အပြင် အချိုရည်တွေနဲ့ Soda ပါဝင်မှုများတဲ့ အရည်တွေကို ရှောင်ပေးရပါမယ်။ ဒါ့အပြင် မျက်နှာဖောင်းတာ မဖြစ်ဖို့ စပ်လွန်းတဲ့၊ ငန်လွန်းတဲ့ အစားအသောက်တွေကို လျှော့စားသင့်ပါတယ်။

၇။ မနက်တိုင်း ရေခဲနဲ့ ပွတ်ပေးပါ

ရေခဲက မျက်နှာယောင်ယမ်းတာ ကျစေပြီး ချွေးပေါက်ကျဉ်းစေပါတယ်။ သင်က မျက်နှာသွယ်ချင်တယ်ဆိုရင်တော့ Jade Roller တစ်ချောင်း ဆောင်ထားသင့်ပါတယ်။ Jade Roller က မျက်နှာသွေးလည်ပတ်မှု ကောင်းစေပြီး မျက်နှာဖောင်းတာ လျော့ကျစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar