အလုပ်အသစ်မှာ ပထမဆုံးရုံးတက်ရမယ့်နေ့အတွက် စိတ်လှုပ်ရှားနေလား ? လုပ်ငန်းခွင်အသစ်မှာ လုပ်ဖော်ကိုင်ဖက်အသစ်တွေရဲ့ အထင်ကြီးလေးစားတာမျိုး လိုချင်တယ်ဆိုရင်တော့ ဒီအချက်တွေက အထင်ကြီးလေးစားမှုကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

1. Professionally ၀တ်စားပါ

သင်စကားစမပြောရသေးခင် သူတို့ ပထမဆုံးသတိထားမိတာက သင့်ရဲ့အဝတ်အစားပါ ။ အဲဒါကြောင့် ပရော်ဖက်ရှင်နယ်ကျကျ ၀တ်စားတတ်ဖို့ အရေးကြီးပါတယ်။

2. ဖော်ရွေပါ

အတူလုပ်ရမယ့် လုပ်ဖော်ကိုင်ဖက်အသစ်တွေဆီ ကိုယ်နဲ့အတူ အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ပေးသင့်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အလုပ်လုပ်မယ့်သူတွေနဲ့ လူတိုင်းကို ကြင်နာမှုရှိဖို့ ကြိုးစားပါ။

3.အလုပ် ပြီးအောင်လုပ်ပါ

ရုံးအသစ်တွင် ပထမဆုံးစစချင်း အလုပ်အားလုံးကို ပြီးရမယ်လို့မဟုတ်ပေမယ့်လည်း အားလုံးကို ပြီးနိုင်ဖို့အတွက်တော့ ကြိုးစားပါ။

4. စည်းကမ်းများကို လိုက်နာပါ

ရုံးစတက်ပြီးတာနဲ့ ရှိပြီးသား စည်းကမ်းတွေကို အာဏာသုံးပြီး ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ပြောင်းလဲဖို့လိုရင်တောင် နောက်ပိုင်း လုပ်ပိုင်ခွင့်အာဏာကို အရင်တည်ဆောက်ပြီး ယုံကြည်မှုကို ရယူပြီးမှ ပြောင်းပါ။

5. မေးခွန်းများမေးပါ

သိချင်တာရှိရင် မေးခွန်းတွေမေးဖို့ မရှက်ပါနဲ့။ မေးခွန်းမေးတာက အလုပ်အပေါ် ပိုပြီးနားလည်ဖို့ ကူညီပေးတာမလို့ သိချင်တာရှိရင် မေးပါ။