သေးသွယ်တဲ့ မိန်းကလေးတွေပဲဖြစ်ဖြစ်၊ ပြည့်ပြည့်ဖြိုးဖြိုးမိန်းကလေးတွေပဲဖြစ်ဖြစ် သူတို့ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင်တော့ တစ်ခုမဟုတ် တစ်ခုတော့ ပြောင်းလဲချင်ကြတာပါပဲ။ ခန္ဓာကိုယ် ကောက်ကြောင်းလေးတွေပေါ်ဖို့အတွက် လေ့ကျင့်ခန်း အမျိုးမျိုးပြုလုပ်လို့ရပေမယ့် မိမိလိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ကိုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရတာပေါ့။

အဲ့ဒီလို အချိန်အကြာကြီးမစောင့်ချင်ဘဲ အဝတ်အစားဝတ်လိုက်တိုင်း ကိတ်တဲ့ပုံပေါက်အောင် ပြုလုပ်လို့ရတဲ့ဖြတ်လမ်းနည်းလေးတွေ ရှိပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်လား။

ခါးမမြှုပ်သွားအောင် ဝတ်ဆင်ပါ

မိမိခါးပျောက်သွားအောင် ပြုလုပ်တဲ့ အင်္ကျီပွပွကြီးတွေ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ခါးရဲ့ အလှကိုပေါ်လွင်အောင် ပြသနိုင်ရင်တော့ အလိုလိုကိတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ခြေထောက်အလှကို ဦးစားပေးပါ

တင်ပါးအလှကို ပေါ်လွင်ချင်တယ်ဆိုရင်တော့ ခြေထောက်အလှကို ပြသဖို့ ဝန်မလေးပါနဲ့။

Pencil စကပ်လေးတွေ ဇာစကပ်လေးတွေ ရွေးချယ်ပါ

Christian Dior က Pencil စကပ်လေးတွေကို စတီထွင်ပြီးနောက်ပိုင်း Pencil စကပ်လေးတွေက အမျိုးသမီးလေးတွေ ပိုင်ဆိုင်ထားသင့်တဲ့ အဝတ်အစားတစ်ခု ဖြစ်လာပါတော့တယ်။ အဲ့ဒီစကပ်လေးက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဇာအထပ်ထပ်လေးတွေနဲ့ ချုပ်ထားတဲ့ စကပ်လေးတွေလည်း ဝတ်ပေးလို့ ရသေးတယ်နော်။

အလျားလိုက် အစင်းကျားဂါဝန်၊ စကပ်တို့ ဝတ်ဆင်ပါ

Crop Top လေးတွေကို ဘောင်းဘီတို (သို့) အောက်နားကားတဲ့ စကပ်တိုလေးတွေနဲ့ တွဲဝတ်ပါ

မိမိခန္ဓာကိုယ်နဲ့ Fitting ကျတဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပေးလိုက်ပါ

ဒီနည်းလမ်းလေးတွေအတိုင်း လိုက်ဝတ်ပေးမယ်ဆိုရင်တော့ အပင်ပန်းခံစရာမလိုဘဲ တစ်ခါတည်း ကိတ်ပြီးသားဖြစ်သွားတာပေါ့။

Source: Brightside.me