မျက်နှာတစ်ခုလုံးကို မိတ်ကပ်လိမ်းတဲ့နေရာမှာ မျက်လုံးကို ခြယ်သတာက အရမ်းအရေးပါပါတယ်။ မိတ်ကပ်ပညာရှင်တွေဟာ မျက်လုံးခြယ်သမှုအမျိုးမျိုးကို အသုံးပြုပြီး လူတစ်ယောက်ရဲ့ အလှကိုပုံဖော်တာပါတဲ့။ မိတ်ကပ်လိမ်းတဲ့နေရာမှာ မျက်လုံးက အဓိကဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတော့ စာဖတ်သူတွေကိုလည်း မျက်ဝန်းလှလှလေးတစ်စုံရဖို့ ဆေးရောင်ခြယ်သနည်းတစ်ခုကို မျှဝေချင်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

Eyeshadow အဖြူနဲ့ အညိုရောင်ကို စပ်လိုက်ပြီး မျက်ခွံ ပေါ်မှာ ခပ်ဖွဖွ ခြယ်လိုက်ပါ။

ပြီးရင် မျက်ရစ်ရဲ့ အပေါ်ကနေ အညိုရောင် တစ်လိုင်းဆွဲလိုက်ပါ။

ပြီးရင် အဲဒီအညိုရောင်တွေကို ခပ်ဖွဖွလေး ခြစ်လိုက်ပါ။

အဲဒီအညိုရောင်ရဲ့အောက်မှာ အဖြူရောင် ရှဲဒိုးကို ထပ်လိမ်းပါ။

ပြီးရင် Liner အမည်းရောင်စွဲပါ။ မျက်ခွံဒေါင့်ကို ပိုပိုသာသာလေးဆွဲပါ။

ပြီးရင် မျက်ခွံအတွင်းမှာ ခပ်ဖွဖွလေး ထပ်ခြစ်ပေးပါ။

အဲဒီနောက် မျက်ခမ်းမှာ အမည်းရောင်လေး နည်းနည်းထည့်ပါ။ ပြီးရင် မျက်တောင်ကော့လိုက်ပါ။