ဆွဲကြိုးဝတ်ပြီဆိုရင် လော့ကတ်လေးပါမှ ပိုပြီးပြည့်စုံသွားတာပါ။ တချို့ကျတော့ လော့ကတ်ဆိုရင် သေးသေးလေးတွေပဲ ကြိုက်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်းအတွက် ချစ်ဖို့ကောင်းတဲ့ လော့ကတ်အသေးဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေဆိုလည်း လော့ကတ်ဆိုရင် အသေးလေးတွေနဲ့ပဲလိုက်တာကြောင့် ဒီပုံစံဒီဇိုင်းလေးတွေက အသုံးဝင်စေမှာပါ။ ကိုယ်တိုင်ဒီဇိုင်းရွေးပြီး လုပ်တဲ့အခါမှာလည်း ဒါလေးတွေကိုကြည့်ပြီး အိုင်ဒီယာယူလို့ရသွားတာပေါ့။

လော့ကတ်ဆိုရင် သေးသေးပိစိလေးပဲ ကြိုက်ပါတယ်ဆိုတဲ့ ကောင်မလေးတွေအတွက် ဒီလော့ကတ်ဒီဇိုင်းလေးက အရမ်းကိုချစ်ဖို့ကောင်းပါတယ်။

ဒီဇိုင်းဆန်းပြီး fancy ဆန်တာလေးကြိုက်ရင်တော့ ဒီလော့ကတ်ဒီဇိုင်းလေးကိုသာရွေးပါ။ လူငယ်ကောင်မလေးတွေနဲ့လည်း အရမ်းကိုလိုက်ဖက်ပါတယ်။

ဒီလော့ကတ်ဒီဇိုင်းလေးဆိုရင် နှစ်ဆင့်လေးဖြစ်လို့ အရမ်းလည်းမသေးပဲ ချစ်ဖို့ကောင်းပါတယ်။ လှလည်းလှပါတယ်။ လူငယ်ကောင်မလေးတွေ ဆယ်ကျော်သက်အရွယ်လေးတွေကစပြီး အသက် ၃၀ ကျော်လောက်ထိကို လိုက်ဖက်တဲ့ဒီဇိုင်လေးပါ။

ဒီလော့ကတ်ဒီဇိုင်းလေးကျတော့ ခန့်ထည်တဲ့ပုံစံလေးနဲ့ လှတာပါ။ ဆယ်ကျော်သက်လေးတွေကစပြီး အသက် ၃၀ ကျော်အထိကို လိုက်ဖက်ပါတယ်။ အရမ်းလည်းအသေးပဲ ချစ်ဖို့ကောင်းတဲ့ဆိုဒ်လေးပါပဲ။

လော့ကတ်ကို ရွှေနဲ့ပဲလုပ်တာကြိုက်တယ်ဆိုရင်တော့ ဒီလော့ကတ်ဒီဇိုင်း ၂ မျိုးက ဒီဇိုင်းဆန်းပြီး သေးသေးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်မှာပါ။

ဒီဇိုင်းဆန်းတာမကြိုက်ဘူးဆိုရင်တော့ ဒီလော့ကတ်ဒီဇိုင်းလေးကိုသာရွေးပါ။ ဒီဇိုင်းမဆန်းပေမယ့် ဘယ်တော့မှလည်း ရိုးမသွားတဲ့ ဒီဇိုင်းလေးပါ။ လူငယ်လူကြီး အားလုံးနဲ့ကို လိုက်ဖက်တာပါ။

ဒီဇိုင်းဆန်းဆန်းလေးနဲ့ အရမ်းလှပြီး ချစ်ဖို့ကောင်းတာမျိုးလေး လိုချင်ရင်တော့ ဒီလော့ကတ်ဒီဇိုင်းလေးသာရွေးပါ။ အရမ်းမသေးပေမယ့် လူငယ်ဆန်ပြီး အရမ်းလှတာပါ။

ဒီလော့ကတ်ဒီဇိုင်းလေးဆိုရင် ဒီဇိုင်းမဆန်းပေမယ့် ဘယ်တော့မှရိုးသွားပါဘူး။ အရမ်းလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ မိန်းကလေးတိုင်းနဲ့ကို လိုက်ဖက်ပါတယ်။

photo source:www.pinterest.com