အားလုံးပဲ မင်္ဂလာပါ။ တက်တူးထိုးချင်ပေမယ့် အရမ်းမသိသာတဲ့နေရာမျိုးမှာ ထိုးချင်တယ်ဆိုရင်တော့ နားနောက်နေရာလေးမှာ ထိုးကြည့်ပါနော်။ ဒီနေရာလေးက အသားအရေနူးညံ့တာမို့ ပိုနာတတ်ပေမယ့် လူတိုင်းထိုးလေ့မရှိတဲ့နေရာဖြစ်လို့ ဆွဲဆောင်မှုတစ်မျိုးရှိပြီး ထူးခြားတဲ့တက်တူးလေးတစ်ခုပိုင်ဆိုင်စေမှာပါ။ ဒါ့အပြင် နာမည်ကြီးအဆိုတော်တော်တော်များများကလည်း နားနောက်မှာတက်တူးလေးတွေ ထိုးရတာ နှစ်သက်ကြပါတယ်နော်။


ဒါကြောင့် ထိုးဖို့ စိတ်ကူးရှိတဲ့သူတွေအတွက် အရမ်းလည်းမနာတဲ့ ခပ်သေးသေး နားနောက်တက်တူးဒီဇိုင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။ ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးတွေဖြစ်လို့ ဘယ်လိုပုံစံရွေးရမှန်း မသိဖြစ်နေတဲ့သူတွေအတွက် အိုင်ဒီယာရစေမှာပါ။

သင့်ရဲ့ရာသီခွင်သင်္ကေတလေး


နာမည်အစစာလုံးတွေ ဒါမှမဟုတ် သင့်အတွက်ထူးခြားတဲ့ စကားလုံးအစလေးတွေ


ကိုယ်ချစ်တဲ့ အိပ်မွေးအကောင်လေးတွေပုံစံဖော်ထားတဲ့ဒီဇိုင်း


အသည်းပုံသေးသေးလေး


ကြယ်နဲ့ အစက်လေးတွေ


သင်ကြိုက်တဲ့ စကားစု အတိုလေးတွေ


ဂြိုလ်နဲ့ ကြယ်တာရာဒီဇိုင်းလေး


နှင်းဆီ၊ နေကြာ၊ ဒေစီ စတဲ့ တစ်ပွင့်ထဲထိုးရုံနဲ့လှတဲ့ ပန်းပုံလေး


ရေစိုကာလာနဲ့ ပန်းဒီဇိုင်း


အမြဲအမှတ်ရနေချင်တဲ့ ရက်စွဲလေး


လိပ်ပြာဒီဇိုင်းလေးတွေ

Photo Source: Pinterest

By MyStyle Myanmar