သင်က သင့်ရာသီခွင် အလိုက် တခြားသူတွေနဲ့ မတူညီဘဲ ကွဲပြားသွားတတ်ပါတယ်။ ကိုယ့်ခံယူချက်၊ အပြုအမူတွေက ရာသီခွင် အလိုက် တူညီနေတာမျိုးလည်း ရှိပါတယ်။ ဥပမာ- ဒီရာသီခွင်ဆိုတာနဲ့ တစ်ယောက်တည်းပဲ နေချင်တဲ့ ရာသီခွင်ဆိုပြီး ကွဲထွက်သွားတာမျိုးပါ။ ဒီတစ်ခေါက်မှာတော့ ရာသီခွင်အလိုက် ဘယ်လို အချိန်၊ ဘယ်လိုအရာတွေနဲ့ ကြုံတဲ့အခါ တိတ်ဆိတ်သွားတတ်ကြလဲ ဖော်ပြလိုက်ပါတယ်။

Aries

လူတစ်ယောက်ယောက်နဲ့ အဆက်အသွယ် ပြတ်သွားတဲ့အခါ Aries ရာသီဖွားတွေက လုံးဝ ပျောက်သွားတတ်ကြပါတယ်။ သူတို့နဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရတာနဲ့ Aries တွေက စကားသိပ်မပြောကြတော့ပါဘူး။

Taurus

Taurus ရာသီဖွားတွေကတော့ မတူညီတော့တဲ့အခါ တိတ်ဆိတ်သွားလေ့ ရှိပါတယ်။ သူတို့နဲ့ မတူတော့တဲ့ သူဆိုရင် အဖက်လုပ်ပြီးကို မပြောချင်တော့တာမျိုးပါ။

Gemini

Gemini တွေကတော့ သူတို့ကို လူတွေက နားမလည်ကြတော့တဲ့အခါ ဘာမှကို မပြောချင်တော့ဘဲ တိတ်ဆိတ်သွားတတ်ကြပါတယ်။

Cancer

Cancer တွေကတော့ နာကျင်တော့မယ်လို့ သတိပြုလိုက်မိတာနဲ့ ချက်ချင်း ရပ်တန်းက ရပ်ပြီး နှုတ်ဆိတ်သွားတတ်ကြပါတယ်။

Leo

Leo တွေကတော့ သူတို့သိတဲ့ လူတစ်ယောက်ယောက်က ဒုက္ခလာပေးတာကို သိလိုက်တာနဲ့ တိတ်ဆိတ်သွားတတ်ကြပါတယ်။

Virgo

Virgo တွေကတော့ စဉ်းစားဖို့ လိုလာပြီဆိုတာနဲ့ ကိုယ့်အတွေးအတွက် အချိန်ပေးဖို့ သီးခြားနေကာ စကားမပြောကြတော့ပါဘူး။

Libra

Libra ရာသီဖွားတွေက စိုးရိမ်စရာ ရှိတာနဲ့ စကားသိပ်မပြောကြတော့ပါဘူး။

Scorpio

Scorpio ရာသီခွင် ပိုင်ရှင်တွေကတော့ သစ္စာဖောက်ခံရတဲ့အချိန် ဒီသစ္စာဖောက်တဲ့လူကို လုံးဝ စကားမပြောချင်တော့ပါဘူး။

Sagittarius

Sagittarius တွေက အပြစ်လုပ်မိတဲ့အချိန် စကားတစ်ခွန်းမှ မပြောကြတော့ပါဘူး။

Capricorn

ဒီရာသီခွင်ပိုင်ရှင်တွေက အတွေးများပြီဆိုတာနဲ့ စကားပြောဖို့ စိတ်မပါကြတော့ပါဘူး။

Aquarius

Aquarius တွေကတော့ လူတွေက သူတို့ကို နှိမ်လာတဲ့အချိန်၊ ကဲ့ရဲ့တဲ့အချိန်မှာ တစ်ခွန်းမှ မပြောတော့ဘဲ ရယ်ပဲ ရယ်နေတတ်ကြပါတယ်။

Pisces

Pisces တွေက စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခု ကြုံတာနဲ့ စကားမပြောချင်ကြတော့ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar