တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုကြတဲ့အခါ ဘာပြောရမယ်ဆိုတာ သိဖို့ အရေးကြီးသလို ဘယ်အချိန်မှာ ပါးစပ်ပိတ်ထားရမယ်ဆိုတာလည်း သိဖို့ အရေးကြီးပါတယ်။ သင့်အနေနဲ့ တခြားလူတွေကို ဒေါသအလျှောက်တုံ့ပြန်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားပါ။ ငြိမ်ငြိမ်သက်သက်လေး နားထောင်နေလိုက်ခြင်းက သင့်ကို ဘာဒုက္ခမှ ရောက်စေမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း သင့်အနေနဲ့ ဘာမှမပြောပဲ ငြိမ်ငြိမ်လေးနေသင့်တဲ့ အချိန်တွေကို သိထားရမှာဖြစ်ပါတယ်။

ဒီနေ့ဆောင်းပါးလေးကနေပြီး ဘယ်လိုအချိန်တွေမှာ စကားပြန်မပြောဘဲ နေသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။

သင် ပြောမယ့်စကားက တစ်ဖက်သားကို ဒေါသထွက်သွားစေမယ်ဆိုရင်

အငြင်းအခုံဖြစ်နေချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းက သင့်ကို ပိုပြီးကောင်းကောင်းနားထောင်စေဖို့ (သို့) အခြေအနေကို ကောင်းမွန်စွာ သုံးသပ်နိူင်ဖို့ ကူညီပါလိမ့်မယ်။ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို မကျေနပ်တဲ့အကြောင်းပြောတော့မယ်ဆိုရင် မပြောခင်မှာ သင့်အတွေးတွေကို စုစည်းဖို့အတွက် အချိန် (၅) စက္ကန့်ခန့်ပေးပြီး ဘယ်လိုအေးအေးဆေးဆေးတုံ့ပြန်ရလဲဆိုတာကို စဉ်းစားပါ။

ပြောရင်းပြောရင်း သင် ပေါက်ကွဲသွားနိုင်တယ်ဆိုရင်လည်း

သင့်မှာ ဒေါသထွက်ခွင့်တော့ ရှိပါတယ်။ ဒါပေမယ့် သင် ဒေါသထွက်နေတဲ့အချိန် ပေါက်ကွဲခွင့်ပေးလိုက်တာဟာ သင်နဲ့ စကားပြောနေသူကိုလည်း ပိုပြီး ဒေါသထွက်စေနိုင်တဲ့အပြင် အခြေအနေတွေကိုလည်း ပိုပြီးဆိုးရွားသွားစေနိူင်ပါတယ်။ တကယ်လို့ တစ်ဖက်သားက သင် ပြောချင်တာကို သေချာနားမလည်နိူင်ဘူးဆိုရင် အထင်လွဲမှုတွေသာ ကြုံလာနိုင်တာကြောင့် တိတ်ဆိက်နေတာက အကောင်းဆုံးပါပဲ။

တစ်စုံတစ်ယောက်ရဲ့အမှားကို ပြင်ပေးလိုစိတ်နဲ့လည်း စကားသွားမပြောပါနဲ့

တကယ်လို့ သင့်ရဲ့စိတ်ရင်းအမှန်နဲ့ တစ်ဖက်သားကို ကူညီချင်တာပဲဖြစ်နေပါစေ၊ သူ့အကြောင်း ကောင်းကောင်းကြီးမသိပဲနဲ့ သူ့ကိုပြင်ပေးဖို့ မကြိုးစားပါနဲ့။ ဒီအတိုင်းထားလိုက်တာက ပိုကောင်းပါတယ်။

တစ်ဖက်သားကို စော်ကားရာရောက်နေနိုင်ရင်လည်း စကားမပြောဘဲနေတာ အကောင်းဆုံးပါ

သင့်အနေနဲ့ကတော့ လူတစ်ဖက်သားကို စော်ကားရာရောက်မယ့် စကားမျိုး မပြောမိလောက်ဘူးလို့ ထင်မိနေပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ သတိတောင်မထားလိုက်မိပါပဲ တစ်ဖက်သားကို စော်ကားရာရောက်စေတဲ့စကားတွေပြောမိသွားတက်ကြတယ်။ ထေ့လုံး ငေါ့လုံးတွေနဲ့ပြောမိလိုက်တတ်ကြတာမျိုးဟာလည်း တကယ်တမ်းမှာတော့ တစ်ဖက်သားကို စော်ကားသလိုပဲဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေမှာ တိတ်ဆိတ်နေတာက ပို‌အဆင်ပြေပါတယ်။

Source: Bright Side