လူတွေဟာ မလိုအပ်ဘဲ တောင်းပန်ပါတယ်ဆိုတဲ့စကားကို ခဏခဏ သုံးနေတာမျိုးတွေရှိတတ်ကြပါတယ်။ အဲ့လို ခဏခဏ တောင်းပန်စကားပြောနေခြင်းဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု ယုံကြည့်မှုတွေလျော့ကျစေတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

မိမိရည်မှန်းချက်ကိုအကောင်အထည်ဖော်ခြင်း

Friends are sitting and chatting on the couch

Photo : Freepik

သင့်ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အဆင်ပြေချောမွေ့နေနိုင်မှာ မဟုတ်ပါဘူး။ လူတွေထင်သလောက်လည်း ဝင်ငွေတွေရချင်မှ ရနေပါလိမ့်မယ်။ တခြားလူတွေက သင့်ရဲ့လုပ်ငန်းအကြောင်းမေးတဲ့အခါမှာ စိတ်ပူတဲ့ခံစားချက်မျိုး (သို့) ရှက်သလိုလို ခံစားရတက်ပါတယ်။ ပြီးတော့ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် ကိုယ့်ရဲ့ထင်မြင်ချက်တွေအတွက် ခုခံပြောဆိုပြီး တိုက်ခိုက်ရမယ့်အစား လူတွေက “Sorry” ဆိုတဲ့ စကားကို ပြောလေ့ရှိကြတယ်။ ကိုယ်က တခြားလူတွေနဲ့ မတူတာကြောင့် တောင်းပန်ဖို့မလိုအပ်ပါဘူး။

သူတစ်ပါးမျှော်လင့်ချက် အတိုင်းဖြစ်မလာနိုင်တာကြောင့် မတောင်းပန်နဲ့

Psychologist taking notes during therapy session with her emotional female patient that talking with about her problems and actively gesturing

Photo : Freepik

တစ်ချို့လူတွေဟာ သင့်ဆီကနေ သူတို့ကြားချင်တဲ့ စကားတွေကို ပြောအောင်ဖိအားပေးနိုင်ပါတယ်။ သင်က သူတို့ကြားချင်တာကို ပြောချင်မှပြောပါလိမ့်မယ်။ ဒီလို သူတို့ရဲ့မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်တဲ့အတွက် သင်တောင်းပန်စရာမလိုပါဘူး။ ဒါက သင့်ရဲ့ကိုယ်ပိုင် လွတ်လပ်ပိုင်ခွင့်ပါပဲ။

မသိနားမလည်ခြင်းတွေအတွက် တောင်းပန်ဖို့မလိုအပ်ဘူး

Women working together

Source: Freepik

တခါတလေ မိမိ နားမလည်တဲ့ အကြောင်းတွေမေးလာတဲ့ခါ မသိတာကို မသိဘူးပြောလိုက်ရမှာကို အားနာတတ်ကြပါတယ်။ အမှန်တကယ်တော့ မသိတာကို မသိကြောင်း ဝန်ခံရဲတာဟာဘာဟန်ဆောင်မှုမှမရှိဘဲ ရိုးသားတဲ့သူတယောက်ဖြစ်တာမို့ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။

အမှန်တရားပြောတာတွေအတွက် တောင်းပန်ဖို့မလိုအပ်ဘူး

 Young women talking at home

Source: Freepik

တခါတလေ လူတွေဟာ အမှန်တရားကို ပြောရမှာ အလွန်အားနာကြပါတယ်။ ဒါပေမယ့် မိမိကြောင့် သတင်းအချက်အလက်အမှန်ကို သိရှိသွားတာကြောင့် ဒါဟာ အားနာစရာ မဟုတ်ပါဘူး။ ဒါကြောင့် Sorry ဆိုတဲ့ စကားလုံးကို ခဏခဏ မသုံးသင့်ကြောင်း နှင့် ခဏခဏ သုံးခြင်းဟာ မိမိကိုကိုယ်ယုံကြည်မှု လျော့နည်းစေကြောင်းကိုလဲ ပညာရှင်တွေက ဆိုစမှတ်ပြုထားကြပါတယ်။