MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်ပျိုမေလေးတို့ရေ။ လူတိုင်းမှာတော့ သူ့အကြိုက် ကိုယ့်အကြိုက် မတူညီတဲ့ အနုပညာရှင်တွေ၊ ဖက်ရှင်တွေ၊ အစားအသောက်တွေ စသဖြင့် ရှိတတ်ကြတာပါပဲနော်။ ဖက်ရှင်ဆိုရင်လည်း သူများတွေက ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေ၊ ဒါမှမဟုတ် မိန်းကလေး ဆန်တဲ့ဖက်ရှင်တွေ၊ ခပ်လန်းလန်းဖက်ရှင်တွေ စသဖြင့် တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူနိုင်ကြပါဘူး။

ကိုယ်ကြိုက်တဲ့အနုပညာရှင်ဆိုရင်လည်း ဘယ်လိုပုံလေးနဲ့ပိုလိုက်တယ် ဘယ်လိုပုံလေးတွေဝတ်ရင် ပိုချစ်ဖို့ကောင်းတယ်ဆိုပြီးတော့ ပရိတ်သတ် တစ်ယောက်အနေနဲ့ အမြဲတမ်း ကိုယ်ပိုင်အတွေးလေးတွေတော့ တွေးတတ်ကြပါတယ်။ အခုတစ်ခါမှာတော့ ကိုရီးယားနိုင်ငံက အနုပညာရှင်တွေထဲမှာ မသိတဲ့သူ၊ မကြိုက်တဲ့သူရယ်လို့ကို မရှိဘူးလို့ပြောရလောက်အောင် လူချစ်လူခင်များလှတဲ့ အဆိုတော်၊ မင်းသမီးချောလေး IU ရဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးချင်ပါတယ်။

IU က လူကောင်သေးသေးလေးမို့ ဘယ်လိုအဝတ်အစားဝတ်ဝတ် လိုက်ဖက်တာမို့လို့ သူမဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေထဲကမှ စမတ်ကျတဲ့ Boss အသွင် ဖက်ရှင်လေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ IU ရဲ့ ပရိတ်သတ်လေးတွေလည်း လိုက်ပြီးအတုယူလို့ရတာပေါ့နော်။