လူကောင်သေးတဲ့ကောင်မလေးတွေအတွက် 15 နှစ်ပဲရှိသေးတဲ့ TikTok Cele လေး Laura Moane ရဲ့ ချစ်ဖို့ကောင်းတဲ့ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

လူကောင်သေးသေးလေးတွေက ကြိုးတစ်လုံးဂါဝန်တွေနဲ့ဆို အရမ်းချစ်ဖို့ကောင်းပါတယ်။ ကြိုးတစ်လုံးဂါဝန်လေးတွေကိုဝတ်ရင် ဖက်ရှင်ကျအောင် Boots အမဲတွေစီးမယ်ဆို ပိုမိုက်ပါတယ်။

ကော်လံနဲ့ Crop Top အင်္ကျီလေးတွေဝတ်မယ်ဆိုရင် စကပ်လေးတွေနဲ့သာ တွဲဝတ်ပါ။ ချစ်ဖို့ကောင်းပါတယ်။ ဖက်ရှင်ပိုကျသွားအောင် Boots အမဲလေးတွေစီးကြည့်ပါ။

လူကောင်သေးတဲ့ကောင်မလေးတွေက တင်းနစ်စကပ်လေးတွေနဲ့ဆို ပိုချစ်ဖို့ကောင်းပါတယ်။ ချစ်ဖို့ကောင်းတဲ့ ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့သာ တွဲဝတ်ပါ။ ဒီလိုဖက်ရှင်လေးဝတ်မယ်ဆိုရင်တော့ Sneakers အဖြူလေးစီးတာက ပိုလိုက်ပါတယ်။

လူကောင်သေးသေးလေးတွေက ဂါဝန်တို၊ စကပ်တိုတွေနဲ့ဆို အရမ်းချစ်ဖို့ကောင်းပြီး အရမ်းလည်းလိုက်ပါတယ်။ ဒီလိုမျိုးလေးတွေဝတ်မယ်ဆိုရင်တော့ Sneakers အဖြူလေးစီးဖို့ မမေ့ပါနဲ့။

Cardigan လေးတွေကို ဘောင်းဘီနဲ့မဝတ်ပဲ ဒီလိုဂျင်းစကပ် ချစ်ဖို့ကောင်းတာလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဖက်ရှင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ ဒီဖက်ရှင်မျိုးဆိုလည်း Sneakers အဖြူလေးတွေနဲ့မှ ပိုလိုက်တာပါ။

ပိန်ပိန်လေးနဲ့ လူကောင်သေးတဲ့ ကောင်မလေးတွေက ဒီလို ဒူးဖုံးစကပ်လေးတွေနဲ့ဆိုလည်း လိုက်ပါတယ်။ ဒါမျိုးဝတ်မယ်ဆိုရင်တော့ ဒေါက်ဖိနပ်လေးတွေစီးတာက ပိုပြီးလှပါတယ်။

တင်းနစ်စကပ်အကွက်လေးတွေကို ဒီလိုဖက်ရှင်မျိုးလေးဝတ်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ လူကောင်သေးသေးလေးတွေနဲ့ဆို အရမ်းလိုက်တာပါ။

လူကောင်သေးသေးလေးတွေက ဒီလို ဂျင်းဘောင်းဘီအရှည်လေးတွေ ဝတ်မယ်ဆိုရင် Top အလန်းလေးတွေ၊ ချစ်ဖို့ကောင်းတာလေးတွေနဲ့ တွဲဝတ်ပြီး Sneaksers အဖြူလေးစီးပါ။

လူကောင်သေးတဲ့ကောင်မလေးတွေက ဒီလိုဖက်ရှင်လေးနဲ့ဆိုလည်း ပေါ့ပါးတဲ့စတိုင်လ်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဒါလည်း ခုနကလိုဖက်ရှင်မျိုးပါပဲ။ ဒါပေမယ့် သူကလက်တိုလေးဖြစ်လို့ ဝတ်ရတာ ပိုပြီးပေါ့ပါးမှုရှိစေပါတယ်။

photo source:www.pinterest.com