ပျိုမေတို့အားလုံးပဲ မင်္ဂလာပါနော်။ အခုလို စိုထိုင်းစများတဲ့ မိုးရာသီမှာ ဆံပင်ကိုဒီတိုင်းချထားတာက ချွေးပိုထွက်ပြီး စေးကပ်ကပ်ဖြစ်စေတာမို့ နေရတာ ကသိကအောက်ဖြစ်တတ်ပါတယ်။ အဆီပြန်တတ်တဲ့ဆံသားရှိသူတွေဆို ပိုဆိုးပါတယ်နော်။ ခဏခဏခေါင်းလျှော်ရတာတွေကြောင့် ဆံသားကိုပါ ထိခိုက်လာမှာပါ။ ဒါတွေမဖြစ်ရအောင် မိုးရွာတဲ့နေ့တွေမှာ ဆံပင်လေးစည်းပေးထားတာမမှားပါဘူး။ ဆံပင်ညှပ်စရာမလိုဘဲ လည်ပင်းရှင်းပြီး ခေါင်းပါပေါ့သွားစေမှာဖြစ်လို့ ဒီတစ်ခေါက်မှာ ပျိုမေတိုင်း Try ကြည့်သင့်တဲ့ စည်းရလွယ်ပြီး ချစ်စရာကောင်းစေမယ့် ဆံပင်အစည်း Hairstyle လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖဲကြိုးလေးတွေနဲ့ချည်ထားတဲ့ ကျစ်ဆံမြီးဒီဇိုင်းတွေ


Bubble ကျစ်ဆံမြီးကိုမှ ခေါင်းဘေးကို ကားပြီးကျစ်ထားတဲ့ Hairstyle လေး


ကျစ်ဆံမြီးအသေးလေးတွေကျစ်ပြီး အပေါ်က စုစည်းထားတဲ့ပုံစံ


ရှေ့ကကြည့်လို့လှတဲ့ အနောက်ဘက်ထုံးကာ ရှေ့ကျစ်ဆံမြီးအသေးနှစ်ဖက်ချထားတဲ့ Hairstyle


ဘေးနှစ်ဖက်ခွဲကာ ကျစ်ဆံမြီးတစ်ဝက်စီကျစ်ပြီး ချထားတဲ့ပုံစံ


ဘေးနှစ်ဖက် တစ်ဝက်စီထုံးပြီး အောက်ကျနေတဲ့ဆံသားကို ကျစ်ဆံမြီးအသေးလေးတွေအဖြစ် ဖန်တီးထားတဲ့ Hairstyle ဆန်းဆန်းလေး


Double French Braids လို့ခေါ်တဲ့ ငါးရိုးပုံစံကျစ်ဆံမြီးလေးတွေ

Photo Source: Pinterest

By MyStyle Myanmar