အရင်က သရဲကားဆိုရင် အနောက်တိုင်း ဇာတ်လမ်းတွေမှ အသက်ဝင် ပီပြင်လေ့ ရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ကိုးရီးယား Thriller Movies တွေပါ ပိုပီပြင်လာကြပါတယ်​။ အခုဖော်ပြမယ့် ကိုးရီးယား ဇာတ်လမ်းတွေကတော့ ညဘက် သေးထွက်ပေါက်ဖို့တောင် မသွားရဲလောက်အောင် အထိ ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။

သင်က ညဘက် မအိပ်တတ်တဲ့ Night Owl ဆိုရင်တော့ အခု ဇာတ်လမ်းတွေက သင်နဲ့အဆင်ပြေမှာပါ။

၁။ The Host (2006)

အမျိုးအမည် မသိရတဲ့ မိစ္ဆာတစ်ကောင်ဟာ ဆိုးလ်မြို့ ဟန်မြစ်ကနေ ထွက်ပေါ်လာပြီး လူတွေကို တိုက်ခိုက် သတ်ဖြတ်ပါတော့တယ်​။ မိစ္ဆာဖမ်းသွားတဲ့ ကလေးလေးကို ကယ်ဖို့ သူမရဲ့ မိသားစုဝင်တွေက ဘယ်လိုကြိုးစားမလဲ ချောက်ချားဖွယ် ကြည့်ရမှာပါ။

၂။ The Witch: Part 1: The Subversion

Ja-Yoon ဆိုတဲ့ အမျိုးသမီးလေးက ငယ်စဉ်က အစိုးရပိုင် လျို့ဝှက်နေရာတစ်ခုကနေ လွတ်မြောက်ကာ မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပါတယ်​။ ဒါပေမဲ့ ၁၀ နှစ် အကြာမှာတော့ သူမမိသားစုအတွက် ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း အရင် သူမရဲ့ ချောက်ချားဖွယ် အတိတ်ဆိုးတွေဟာ ပြန်လည် ပေါ်ပေါက်လာပါတော့တယ်။

၃။ Forgotten (2017)

Jin Seok ရဲ့ အကိုဖြစ်တဲ့ Yoo Seok ဟာ ပြန်ပေးဆွဲခံရပြီး ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ Yoo Seok ဟာ အရင်နဲ့ မတူတော့ဘဲ ပုံစံလုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ Jin Seok ဟာ အကိုဖြစ်သူ ပြောင်းလဲသွားခြင်းရဲ့ အကြောင်းတရား နောက်ကွယ်က အမှန်တရား ကို ရှာဖွေမယ့် ဇာတ်လမ်းပါ။ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်း ဖြစ်ပါတယ်။

၄။ The Handmaiden (2016)

ဂျပန် အမျိုးသမီးတစ်ဦးဖြစ်တဲ့ Lady Hideko ဟာ ကူဖော်လောင်ဖက် အိမ်ဖော်တစ်ဦးကို ငှားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချိန်က စပြီး ချောက်ချားဖွယ် စိတ်ဝင်စားဖွယ် အရာတွေ စဖြစ်လာပါတော့တယ်။

၅။ Alive (2020)


သင်က Zombie ကား ကြည့်ရတာ ကြိုက်ရင် ဒီ Alive ကို ကြည့်သင့်ပါတယ်။ Virus တစ်မျိုးဟာ ကိုးရီးယားမှာ ပျံ့နှံ့ပြီးနောက် လူတွေဟာ Zombie တွေ ဖြစ်သွားကြပါတယ်။ မင်းသားကတော့ အန္တရာယ်ထဲက လွတ်မြောက်အောင် သူ့ တိုက်ခန်းမှာ လော့ချနေခဲ့ပါတယ်။ ဒါပေမဲ့ သူအားနည်းလာတဲ့ အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ အသည်းတယားယား ကြည့်ရမှာပါ​။

Photo source: Pinterest

by MyStyle Myanmar