နှာခေါင်းမှာဆားဝက်ခြံတွေရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်း ၃ မျိုးနဲ့ နှာခေါင်းမှာရှိတဲ့ ဆားဝက်ခြံတွေပျောက်အောင် လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Scrub လုပ်ပါ

Scrub လုပ်ပေးခြင်းက နှာခေါင်းမှာရှိနေတဲ့ ဆားဝက်ခြံတွေကို ပါသွားစေပါတယ်။ အသားအရေလည်း ပိုပြီးသန့်စင်ကာ နူးညံ့သွားစေပါတယ်။ ဒါကြောင့် ဆားဝက်ခြံတွေပျောက်ဖို့အတွက် နှာခေါင်းကို ဖြေးဖြေးချင်းစီပွတ်ပြီး Scrub လုပ်ပေးပါ။ Scrub လုပ်ပြီးရင် ချွေးပေါက်တွေပွင့်သွားတဲ့အတွက် ချွေးပေါက်ကျယ်တာမျိုးမဖြစ်အောင် Toner, Moisturizer ပြန်လိမ်းပေးဖို့လိုပါတယ်။ ချွေးပေါက်ကျယ်ရင် ဆားဝက်ခြံပိုဖြစ်စေပါတယ်။

ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပါ

ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပြီး dehydrated ဖြစ်နေရင် ချွေးပေါက်တွေပိတ်ဆို့နေပါလိမ့်မယ်။ ချွေးပေါက်ပိတ်ရင် အသားအရေညစ်မယ်၊ အဆီဖုတွေ၊ ဝက်ခြံတွေထွက်ပါမယ်။ pH level မညီမျှရင် Skin လုံးဝမကောင်းပါဘူး။ ဆားဝက်ခြံတွေလည်း ထွက်လာပါလိမ့်မယ်။ ဒါကြောင့် ရေများများသောက်ပါ။ ရေကို အနည်းဆုံး တစ်ရက်မှာ ဖန်ခွက် ၁၀ ခွက်စာသောက်ရပါမယ်။ ဒါမှအသားအရေက healthy skin ဖြစ်ပြီး ကြည်လင်နေမှာပါ။

Baking soda

Baking soda က ဆားဝက်ခြံတွေပျောက်အောင်ကူညီပေးနိုင်ပါတယ်။ Baking soda – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေအနည်းငယ်တို့ကို ပျစ်နေအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ နှာခေါင်းမှာ သုတ်လိမ်းထားပြီး မိနစ် ၃၀ ကြာအောင်ထားပါ။ အချိန်ပြည့်ရင်တော့ ရေနဲ့ ဖြေးဖြေးချင်းစီပွတ်ပြီး ဆေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ ၂ ပတ် ၁ ခါ (သို့) ၄ ပတ် ၁ ခါ လုပ်ပေးနိုင်ပါတယ်။

source:www.bebeautiful.in