ကိုယ့်ကိုမလိုအပ်တော့တဲ့ သူတစ်ယောက်အနားမှာ ဆက်ပြီး တွယ်ကပ်မနေသင့်ပါဘူး။ တောင်းပန်ပြီး ဆက်တွယ်ကပ်နေရမယ်ဆိုလည်း ပျော်ရွှင်မှုက အပြည့်အဝရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုမလိုအပ်တော့လို့ ထားခဲ့ချင်နေတဲ့သူတစ်ယောက်ကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါ။ လူတစ်ယောက်ကိုမေ့ဖို့ဆိုတာ ကိုယ့်စိတ်နဲ့ပဲဆိုင်ပါတယ်။ ဒီလိုလူတစ်ယောက်ကို မြန်မြန်မေ့နိုင်ဖို့ လုပ်ရမယ့်အချက်ကတော့ သုံးချက်ပဲရှိပါတယ်။

အရင်ဆုံး ကိုယ့်ကိုမလိုတော့လို့ ထားခဲ့ချင်နေတဲ့သူကို သူသွားချင်တဲ့အတိုင်း ထွက်သွားခွင့်ပေးလိုက်ပါ။ အဲ့ဒီနောက်မှာတော့ သူနဲ့ပတ်သတ်တဲ့ နာကျင်စရာတွေကို ပြန်စဉ်းစားပြီး စိတ်နာပစ်ပါ။ တကယ်စိတ်နာသွားတဲ့ သူတစ်ယောက်ဟာ လွယ်လွယ်နဲ့ မေ့နိုင်သွားပါတယ်။ ဒါကြောင့် နာစရာတွေကိုတွေးပြီး စိတ်နာပါ။ ကိုယ့်အပေါ်မှာ နာကျင်အောင်လုပ်ခဲ့တာတွေ မရှိရင်တော့ ကံမပါလို့လမ်းခွဲရတယ်။ ထွက်သွားချိန်တန်လို့ ထွက်သွားတယ်လို့ပဲတွေးပြီး ခွင့်လွှတ်ပေးလိုက်ပါ။

Source: www.tinybuddha.com

အဲ့ဒီနောက်ပိုင်းမှာတော့ ပိုက်ဆံပိုရှာဖို့၊ ပညာတွေဆက်သင်ဖို့အတွက်ပဲ စဉ်းစားပါ။ ကိုယ်ဖြစ်ချင်တာတွေကို တစ်စိုက်မတ်မတ်နဲ့ သေချာကြိုးစားအားထုတ်လိုက်ပါ။ သင်တန်းတွေ၊ ကျောင်းတွေကို တစ်ခုပြီးတစ်ခုတက်ကာ ပိုက်ဆံများများရှာနိုင်အောင်ပဲ ကြိုးစားပါ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာပဲ သူ့ကိုမေ့နိုင်သွားပါလိမ့်မယ်။ ပိုက်ဆံများများရှာနိုင်လာတဲ့အခါမှာ ပိုက်ဆံရှာချင်စိတ်တွေပဲ ဖြစ်လာပြီး အဲ့ဒီလူကို မေ့နိုင်သွားပါလိမ့်မယ်။

Source: www.monster.com

စာတွေသင်ရတာ၊ အလုပ်တွေလုပ်လုပ်ရတာ ပင်ပန်းလာတဲ့အခါကျရင် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး ခရီးထွက်လိုက်ပါ။ ခရီးတိုလေးတွေသွားတာထက်စာရင် တိတ်ဆိတ်ပြီး အရမ်းလှပတဲ့ နေရာဒေသတစ်ခုကို ခရီးရက်ရှည်ထွက်လိုက်ပါ။ အရမ်းစိတ်ပျော်ရွှင်ရပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ သင်ဖြစ်ချင်တာတွေလည်းဖြစ်လာပြီး ပိုက်ဆံလည်းများများရှာနိုင်နေပြီဆိုတာကို ပြန်တွေးပြီး ကျေနပ်မိတဲ့အခါ သင့်ကိုထားခဲ့တဲ့သူကိုတောင် ကျေးဇူးတင်နေမိမှာပါ။ ခရီးသွားလိုက်တော့ စိတ်သစ်လူသစ်ဖြစ်ပြီး စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။

Source: www.darpanmagazine.com

ကိုယ့်ကိုမလိုအပ်လို့ ထားခဲ့ချင်နေတဲ့သူတစ်ယောက်ကို မေ့နိုင်ဖို့ဆိုတာ ဒီအချက်သုံးချက်ပဲ လိုပါတယ်။ ဒီအချက်တွေကိုသာလုပ်နိုင်သွားရင် အဲ့ဒီလူကိုမေ့နိုင်သွားတဲ့အပြင် သူ့ကြောင့် ကိုယ်ဒီလို တိုးတက်လာတာဆိုပြီး ကျေးဇူးတောင်တင်နေမိမှာပါ။